နောက်ခံကစားသမား ထရစ်ပီယာကို ၅ နှစ်သက်တမ်းတိုးရန် စပါး ကမ်းလှမ်း

June 24, 2017

နောက်ခံကစားသမား ထရစ်ပီယာကို ၅ နှစ်သက်တမ်းတိုးရန် စပါး ကမ်းလှမ်း

စပါးအသင်းဟာ ညာနောက်ခံ ကစားသမား ထရစ်ပီယာကို ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒါကြောင့် ညာနောက်ခံလူ ကိုင်လီဝေါ်ကာကို အသင်းကရောင်းထုတ်ဖို့ သေချာသ လောက် ဖြစ်စေခဲ့ပါတယ်။ အသက်၂၆ နှစ်ရှိ အင်္ဂလန်လက်ရွေးစင် ထရစ်ပီယာဟာ  ပြီးခဲ့တဲ့ ရာသီက စပါးအသင်းမှာ ၂၂ ပွဲအထိ ပွဲထွက်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့သူပါ။ စပါးအသင်းအနေနဲ့ နောက်ထပ် ညာနောက်ခံကစားသမား ဝေါ်ကာကို ရောင်းချသွားမှာဖြစ်ပြီး မန်စီးတီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် စပါးအသင်းက ဝေါ်ကာအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ ထက် များတဲ့ဈေး အလိုရှိနေတာကြောင့် ပြောင်းရွှေ့ကြေးဆွေးနွေးမှုမှာ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။ စပါးအသင်းဟာ ဝေါ်ကာကို ရောင်းချခဲ့မယ်ဆိုရင် ပေါ်တိုနောက်ခံလူ ရီကာဒို ပါရဲယားကို ခေါ်ယူဖို့လည်း ပြင်ဆင်ထားပါတယ်။
5 years Ago
Up