နေအိမ် ၉ လုံး မီးလောင်

November 30, 2018

အောင်​​မြေသာစံမြို့နယ်​တွင် နေအိမ် ၉ လုံးမီးလောင်

မန္တ​လေးမြို့၊ ​အောင်​​မြေသာစံမြို့နယ်​၊ အကွက်​ (၂၉)၊ အမရဌာနီ အ​ရှေ့ရပ်ကွက်မှာ  နိုဝင်ဘာ ၂၉ ရက်က လူ​နေအိမ်​ ၉ လုံး မီး​လောင်​ခဲ့ပါတယ်။ အမရဌာနီအ​ရှေ့ရပ်​ကွက်​ရှိ အိမ်​ရှင်​  ဒေါ်မြမြ​ရဲ့ နေအိမ်​မှာ ဂ​ဟေ​ဆော်​တဲ့ဂက်စ်အိုးက စိမ့်ပြီး နိုဝင်​ဘာ ၂၉ ရက်​ ည​နေမှာ စတင်​မီး​လောင်​ခဲ့တာပါ။ မီး​လောင်​မှုကို မီးသတ်တပ်ဖွဲ့က မီးသတ်​ယာဉ်​ အစီး၇၀၊ မီးသတ်တပ်ဖွဲ့ဝင် ၂၀၀လောက်နဲ့  မီးကိုငြိမ်းသတ်ခဲ့ပြီး မီး​လောင်​ရာကို မန္တလေးမြို့တော်ဝန်၊ လုံခြုံ​ရေးနဲ့ နယ်​စပ်​​ရေးရာဝန်​ကြီး အပါအ၀င် တာဝန်ရှိသူတွေ လာ​ရောက်​စစ်​​ဆေးခဲ့ပါတယ်။ စတင်​မီး​လောင်​ခဲ့တဲ့  အိမ်​ရှင်​​ဒေါ်မြမြကိုတော့ နယ်​​မြေရဲစခန်းက ပုဒ်​မ ၂၈၅ နဲ့  အမှုဖွင့် အ​ရေးယူထားပါတယ်​။ သတင်းနှင့်ဓာတ်ပုံ - အောင်အောင်နိုင်  
2 years Ago
Up