နေအိမ် ၇ လုံး မီးလောင်

December 30, 2016

မုဒုံမြို့နယ် နိုင်ပြိုင်ကျေးရွာတွင် နေအိမ် ၇ လုံး မီးလောင်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်ပြိုင်ကျေးရွာမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ ည ၁၂ နာရီဝန်းကျင်ခန့်က နေအိမ် ၇ လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။ အဆိုပါမီးလောင်းမှုတွင် နိုင်ပြိုင်ကျေးရွာရှိ အသက် ၇၀ ကျော် အဖွားအိုဒေါ်တင်စိန်နေအိမ် မီးဖိုမှ စတင်လောင်ကျွမ်းခဲ့ရာ နေအိမ် ၇ လုံးအပါအဝင် စပါးကျီ ၃ လုံးမှ စပါးတင် ၂၀၀၀ ကျော် မီးလောင်ရာမှာ ဆုံးရှုံးခဲ့ပါတယ်။ မုဒုံမြို့၊ ကမာဝက်မြို့၊ ကလော့သော့ကျေးရွာ၊ ကျွန်းကျေးရွာ၊ မော်လမြိုင်မြို့-မြိုင်သာယာရပ်ကွက်မှ စုစုပေါင်း မီးသတ်ကား ၁၀ စီးခန့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မနက် ၃ နာရီလောက်မှာ မီးငြိမ်းသွား ခဲ့ပါတယ်။ သတင်းပေးပို့ - မွန်ထော
5 years Ago
Up