နေအိမ်ခေါင်မိုးကို ကားဖြင့်ဖြတ်ကျော်ပြသည့် စွန့်စားယာဉ်မောင်းရုပ်သံ ရေပန်းစား

March 27, 2017

နေအိမ်ခေါင်မိုးကို ကားဖြင့်ဖြတ်ကျော်ပြသည့် စွန့်စားယာဉ်မောင်းရုပ်သံ ရေပန်းစား

ခင်ဗျားတို့အနေနဲ့ ကိုယ့်ရဲ့ နေအိမ်ခေါင်မိုးကို ကျော်ပြီး ဖြတ်ကျော်ပစ်လိုက်ဖို့ဆိုတာ ဘယ်တုန်းကမှ အိပ်မက်မက်ဖူးလိမ့်မယ် မထင်ပါဘူး။ ဒီယာဉ်မောင်းအမျိုးသားကတော့ ဒီစိတ်ကူးကို အကောင်အထည်ဖော်ကာ သူ့ရဲ့ နေအိမ်ခေါင်မိုးကို စွန့်စားခုန်ကျော်ပြခဲ့တာကို တွေ့ရပါတယ်။ သူဟာ ခုလိုဖြတ်ကျော်နိုင်ဖို့ ဘက်ဂီကားတစီးကို အသုံးပြုခဲ့တာဖြစ်ပြီး ဖြတ်ကျော် မယ့် နေအိမ်ရဲ့ ရှေ့မှာတော့ ဆင်ခြေလျှောစောင်းတခုကို ဖန်တီးထားခဲ့တာကို တွေ့ရပါ တယ်။ သူဟာ ကားကို အရှိန်နဲ့ မောင်းနှင်လာခဲ့ပြီး လျှောစောင်းကနေတဆင့် အိမ်ခေါင် မိုးအပေါ် လေထဲကနေ ၀ဲပျံမောင်းတက်သွားခဲ့ကာ တဖက်ခြမ်းကူရှင်ခင်းထားတဲ့ မြေပြင် ဆီ ဆင်းသက်နိုင်ခဲ့တာကို တွေ့ရမှာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာတော့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပြီး ဘယ်မှာရိုက်ကူးထားခဲ့တယ်ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဆိုပါတယ်။ တချို့ကလည်း ဒါဟာ အမြင်အာရုံလှည့်ဖြားမှုဟာ ဖြစ်နိုင်တယ်လို့ ပြောနေကြကာ တချို့ကတော့ အိမ်ခေါင်မိုးပေါ်ကတဆင့် ဖြတ်ကျော်ပြတာမဟုတ်ပဲ မီးခိုးခေါင်းတိုင် နောက်ဘက်က ဖြတ်ကျော်မောင်းနှင်ခဲ့တာဖြစ်နိုင်တယ်လို့ ဝေဖန်နေကြတာပါ။
5 years Ago
Up