နေအိမ်မီးရှို့

January 26, 2019

အရက်ဖိုးတောင်းတာမရသဖြင့် နေအိမ်မီးရှို့၊ နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံး

ဘိုကလေးမြို့ပေါ်မှာ အရက်ဖိုးတောင်းတာ မရတဲ့အတွက် လူငယ်တဦးက နေအိမ်အား မီးရှို့ခဲ့လို့ နေအိမ် ၃ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ပေါ် ပအမှတ် ၇ ရပ်ကွက်၊ ၁၂ လမ်းမှာ ဇန်နဝါရ်ီလ ၂၆ ရက်နေ့ မနက် ၁၁ နာရီ ခွဲလောက်က အသက် ၁၈ နှစ်အရွယ် လူငယ်တဦးက အဒေါ်ဖြစ်သူထံမှ အရက်ဖိုးတောင်းတာ မရရှိခဲ့လို့ မိမိနေအိမ်အား မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ ဘိုကလေးမြို့နယ် မီးသတ်ဦးဌာန မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသက်ခဲ့ရာ မွန်းတည့် ၁၂ ရီအချိန် မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် နေအိမ် ၃ လုံး မီးလောင်ကျွမ်းဆုံးရှုံးမှု တန်ဖိုးမှာ ၈၂ သိန်းဖိုးရှိတယ်လို့ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရပါတယ်။ နေအိမ်မီးရှို့သူ ကျန်ကျောင်း (ခ) ဟိန်းထက်အောင် (ခ) မိုးညှင်းသူဆိုသူအား ဘိုကလေးမြို့နယ် ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်အရေးယူနေတယ်လို့ သိရပါတယ်။
3 years Ago

March 24, 2017

မိခင်နှင့် စကားများရာမှ သားဖြစ်သူ နေအိမ်မီးရှို့

မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေး ရွာအုပ်စု ဝယ်ပေါ်ခြံစု နေ ဒေါ်မိုး ခြေ တံရှည် သွပ်မိုးပျဉ်ခင်း ဝါးထရံကာ ၁ ထပ် နေအိမ်မှာ မတ် ၂၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်က မိခင်နဲ့ စကားများရန်ဖြစ်ရာကနေတဆင့် သားဖြစ်သူက နေအိမ် မီးရှို့မှုဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက သိရပါတယ်။ “နေအိမ်ရှင် ဒေါ်မိုးရဲ့သားဖြစ်သူ ခင်အောင်ကျော်မှာ မိခင်နဲ့ စကားများရန်ဖြစ်ခဲ့ရာက နေအိမ်နောက်ဘေးမီးဖိုဆောင်သို့ ဝင်ရောက်ကသွားပြီးနောက် မီးရှို့ခဲ့တယ်”လို့ ခင်အောင်ကျော ရဲ့အစ်မဖြစ်သူ မချိုဝင်း ပြောပြပါတယ်။ မီးလောင်ဖြစ်ပွားရာ ရေးမြို့နယ်မီးသတ် တပ်ဖွဲ့ဝင် ၄၅ ဦး ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ မီးသတ်ယာဉ် ၃ စီးတို့က မီးငြိမ်းသတ်ခဲ့ရပါတယ်။ ည ၈ နာရီ ၅ မိနစ်မှာ မီးငြိမ်းသတ် နိုင်ခဲ့ပြီး နေအိမ် ၁ လုံးသာ မီးလောင်ကျွမ်းခဲ့ရာ ကာလတန်ဖိုး ၄ သိန်း ၂ သောင်းကျပ်ခန့် မီးလောင်ကျွမ်းဆုံးရှုံးခဲ့တယ်လို့ ရေးမြို့မရဲစခန်းက သိရပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး အိမ်ကိုမီးရှို့သူ ခင်အောင်ကျော်ကို ဒုရဲအုပ် အေးမြင့် က တရားလိုပြုလုပ် တိုင်တန်းကာ ရေးမြို့မရဲစခန်း (ပ)၉၀/၂၀၁၇ ရာဇာသတ်ကြီးပုဒ်မ -၄၃၆ အရ ၂၀၁၇ မတ် ၂၃ ရက်နေ့ ည ၉ နာရီ အချိန်က အမှုဖွင့်အရေးယူထားပြီး တရားခံ ခင်အောင်ကျော်ကို ဖမ်းဆီးမိနိုင်ရေးနယ် ထိန်းတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - နေမျိုးထွဋ်
5 years Ago
Up