နေအိမ်မီးလောင်

June 26, 2019

သြစတြေးလျတွင် နေအိမ်တလုံး မီးလောင်၊ ကလေး ၃ ဦး သေဆုံး

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ် ဆင်ဂယ်တန်မြို့မှာ ဇွန်လ ၂၆ ရက် အစောပိုင်းက နေအိမ်တလုံး မီးလောင်ပြီး ကလေး ၃ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ကလေးတွေဟာ ၅ နှစ်အရွယ် အမြွှာညီအစ်မနှစ်ယောက်နဲ့ သူတို့ရဲ့ ၁၁  နှစ်အရွယ် အစ်ကိုဖြစ်သူတို့ ဖြစ်ပါတယ်။ အဲဒီ မီးလောင်ရာနေအိမ်ကနေ ကလေးတွေရဲ့ မိခင်ဖြစ်သူနဲ့ ၈ နှစ်အရွယ် မိန်းကလေးတယောက်ကို အိမ်နီးချင်းတွေက ကယ်ဆယ်ခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရောက်လာချိန်မှာတော့ အိမ်နီးချင်းတွေက မီးကို ငြှိမ်းသတ်ပေးနေတယ်လို့ စုံစမ်းရေးမှူးတွေက ဆိုပါတယ်။ မီးတောက်ပြင်းတဲ့အတွက် မီးသတ်သမားတွေဟာ မီးကို အိမ်ထဲမှာ ဆက်မငြှိမ်းသတ်နိုင်ဘဲ အိမ်ပြင်ကနေပဲ ငြှိမ်းသတ်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago

May 31, 2017

နမ္မတူတွင် ဘုရားမီးပူဇော်ရာမှ နေအိမ်မီးလောင်

ရှမ်းပြည်နယ် ကျောက်မဲခရိုင် နမ္မတူမြို့  ပန်ဟိုက် (၄) ရပ်ကွက်ထဲမှာ  မေ ၃၀ ရက်နေ့ ညသန်းခေါင်ကျော်အချိန်က နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အသက် ၈၉ နှစ်ရွယ် ဦးသိန်းဟန်ဆိုသူမှာ အဆိုပါအိမ်မှာ တဦးတည်းနေထိုင်ပြီး ဘုရားမီး ပူဇော်စဉ် ဖယောင်းတိုင်မီးထွန်းရာကနေ လောင်ကျွမ်းခဲ့တာလို့ နမ္မတူမြို့မရဲစခန်း တာဝန်ကျရဲ အရာရှိတဦးက ပြောပါတယ်။ “မနေ့ည ၁၂ နာရီကျော်က သူက ဘုရားမီးထွန်းထားတာကနေ ဖယောင်းတိုင်မီးက အောက်က ခံခွက်မရှိဘဲနဲ့ လောင်သွားတာလေ၊  မီးသတ်ကား ၂ စီးနဲ့ သွားငြှိမ်းတာ၊ ၁၅ မိနစ်လောက်မှာ မီးညွန့်ကျိုးတယ်။  အိမ်တစ်လုံးလုံးတော့ လောင်သွားတယ် ၊ ထိခိုက်ဒဏ်ရာရသူ မရှိဘူး မီးလောင်ကျွမ်းမှုကြောင့် ရွှံ့အုတ်ကာ၊ သွပ်မိုး၊ မြေစိုက်အိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး  အိမ်ရှင် ဦးသိန်းဟန်ကို မီးပေါ့ဆမှုနဲ့ ရဲစခန်းက အရေးယူထားပါတယ်။
4 years Ago
Up