နေရာရရှိ

July 20, 2017

နိုင်ငံတကာ ရိုဘော့စက်ရုပ်ပြိုင်ပွဲတွင် မြန်မာလူငယ်အသင်း အဆင့် ၆ နေရာရရှိ

အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ First Global နိုင်ငံတကာ ရိုဘော့စက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းက သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆင့် ၆ နေရာရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ၀ါရှင်တန်ဒီစီမြို့တော်မှာ ဇူလိုင် ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ နီးပါးမှ အသက် ၁၅ နှစ်ကနေ ၁၈ နှစ်ကြား လူငယ်အဖွဲ့တွေ လာရောက်ယှဉ်ပြိုင်ကြတာပါ။ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံမှ နည်းပညာဆန်းသစ်တီထွင်သူ လူငယ် ၆ ယောက်ပါဝင်တဲ့အဖွဲ့ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAid) က ပံ့ပိုးကူ ညီခဲ့တာဖြစ်ပြီး မြန်မာအသင်းနဲ့အတူ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ သူတွေအားလုံးကို ဂုဏ်ပြုကြောင်း အမေရိကန်သံရုံးရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဖော်ပြပါတယ်။ ဒီပြိုင်ပွဲမှာ ပထမဆုကိုတော့ ဥရောပအသင်းက ရရှိခဲ့ပြီး ဒုတိယဆုကို ပိုလန်အသင်းနဲ့ အာမေးနီးယားအသင်းက တတိယဆုတွေ အသီးသီးရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာ ၆ ပွဲကစား ၅ ပွဲအနိုင်ရခဲ့ပြီး ရမှတ်စုစုပေါင်း ၅၈၄ မှတ်ရရှိခဲ့တဲ့ မြန်မာ အသင်းကတော့ အစ္စရေးနဲ့ ဂျာမနီအသင်းတို့နောက် အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ တာဖြစ်ပါတယ်။
6 years Ago
Up