အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်က အကြမ်းဖက်တိုက်ခိုက်မှုဟာ အချိန်မရွေး၊ နေရာမရွေး ဖြစ်နိုင်တယ် ဆိုတာကို ပြင်သစ်တိုက်ခိုက်မှုက သတိပေးလိုက်တာဖြစ်ကြောင်း၊ အမေရိကန် အနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အလျှော့ပေးမှာ မဟုတ်ကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒုသမ္မတ မိုက်ပန့်စ်က “မနေ့က သမ္မတထရမ့် ပြောသွားခဲ့တာကို ကျနော် ကိုးကားချင်ပါတယ်။ ကျနော်တို့ဟာ ကြံ့ခိုင်ရပါမယ်။ သတိဝီရိယ ရှိရပါမယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။
ဒုသမ္မတဟာ ဂျကာတာမှာပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးပွဲအစမှာ အခုလို မှတ်ချက်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဧပြီ ၂၀ ရက်ညက ပဲရစ်မြို့လယ်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ ရဲအရာရှိ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်သူကိုယ်တိုင်လည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago