အိန္ဒိယနိုင်ငံက ၄ လအရွယ် ရွိုင်ရယ်ကူမားဟာ စွန့်ပစ်မှုနဲ့ စစ်မှန်တဲ့ မေတ္တာဟာ ဘာလဲဆိုတာကို မခံစားတတ်သေးခင်မှာပဲ ဒီအရာတွေကို ထိတွေ့ခံစားလိုက်ရပါတယ်။
ဦးနှောက်ထဲမှာ အရည်တွေ ပိုမိုစုစည်းများပြားလာတဲ့ ဟိုက်ဒရိုဆဲလ်ဖာလတ်လို့ ခေါ်တဲ့ ဝေဒနာကို ခံစားနေရပါတယ်။ ဒီအတွက် သူရဲ့ဦးခေါင်ဟာ သာမန်ထက်ပိုပြီး ၃ ဆလောက်ကြီးနေတာ ဖြစ်ပါတယ်။
ဒီဝေဒနာကြောင့် သူက အော့အန်တာ ထိုင်းမှိုင်းလေးလံမှုကို ခံစားနေရပြီး သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။
မိဘတွေက ဒီအခြေအနေကို လက်မခံနိုင်လို့ သူ့ကို တခြားသူတွေဆီ ပေးလိုက်ရာမှာ ကံကောင်းထောက်မစွာနဲ့ အမျိုးတွေဖြစ်တဲ့ ပရာဘာ ဒေ၀ီနဲ့ အမျိုးသားက မွေးစားခဲ့ပါတယ်။ သူတို့မှာ ကလေး ၂ ယောက်ရှိပေမယ့် ဒီကလေးကို မစွန့်ပစ်ဘူးလို့ ဆိုပါတယ်။
သူတို့ လင်မယား စုဆောင်းထားတဲ့ ငွေနဲ့ ကလေးကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ တလကို ၆၅ ဒေါ်လာသာ ၀င်ငွေရှိတဲ့ ဒေ၀ီက ဒေါ်လာ ၂၆၀၀ အထိသုံးပြီး ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။
သတင်းပတ် အစောပိုင်းကလည်း ရွိင်ရယ်က ခွဲစိတ်ကုသခံခဲ့ပါသေးတယ်။ ဆရာဝန်တွေက အခမဲ့ ခွဲစိတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
5 years Ago