နေမာ ပါဝင်

September 23, 2017

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို၊ မက်ဆီနှင့် နေမာ ပါဝင်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပေးအပ်မယ့် ဒီနှစ်ရဲ့ အကောင်းဆုံး ဘောလုံးသမားဆု စာရင်းမှာ ရော်နယ်ဒို၊ မက်ဆီနဲ့ နေမာတို့ ပါဝင်နေပါတယ်။ ဖီဖာက အကောင်းဆုံးဆုအတွက် ဆန်ခါတင် ၃ ယောက် စာရင်းကို စက်တင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။ အခုစာရင်းမှာ မနှစ်က အကောင်းဆုံး ဆုရထားတဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုလည်း ပါဝင်လာပါတယ်။ ဒီနှစ်မှာလည်း ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်နဲ့ လာလီဂါ ဆုတွေကို ဆွတ်ခူးထားလို့ ရော်နယ်ဒိုက အခုဆုအတွက် ပိုပြီး ရေပန်းစားနေပါတယ်။ ရော်နယ်ဒိုဟာ ဒီဆုကို ၄ ကြိမ် ရထားပြီး ဒီနှစ်မှာပါ ထပ်ရရင် မက်ဆီရဲ့စံချိန်ကို အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။ ဖီဖာအတွက် အကောင်းဆုံး ဂိုးသမားဆုအတွက်ကိုတော့ ဂျုဗင်တပ် ဂိုးသမား ဘူဖွန်၊ ရီးရဲလ် ဂိုးသမား နာဗက်စ်နဲ့ ဘိုင်ယန်မြူးနစ် ဂိုးသမား နူအာတို့ ယှဉ်ပြိုင်ရမှာပါ။ ဖီဖာပေးအပ်တဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို လာမယ့် အောက်တိုဘာ ၂၃ ရက်နေ့ကျရင် လန်ဒန်မှာ ကြေညာပြီး ပေးအပ်သွားမှာ ဖြစ်ပါတယ်။
4 years Ago
Up