နေမာ ထွက်ခွာပါက

July 30, 2017

နေမာ ထွက်ခွာပါက ကော်တင်ဟိုဖြင့်အစားထိုးရန် ဘာစီလိုနာ ပြင်ဆင်

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးနေမာအသင်းက ထွက်ခွာမယ်ဆိုရင် လီဗာပူးက ကော်တင်ဟိုနဲ့ အစားထိုးဖို့ ပြင်ဆင်ထားပါတယ်။ ဘာစီလိုနာတိုက်စစ်မှူးနေမာကို ပီအက်စ်ဂျီအသင်းက ကမ္ဘာ့စံချိန် တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၂၀၀ လောက်နဲ့ ကမ်းလှမ်းထား တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာလည်း နေမာ အနေနဲ့ ကစားသမားသစ် ဆီမီဒိုနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းဆီ ရောင်းထုတ်တော့မယ်ဆိုတဲ့ သတင်းတွေ ပိုမိုကျယ်လောင်လာတာပါ။ ဘာစီလိုနာအသင်းအနေနဲ့ လီဗာပူးကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမယ်ဆိုရင် ကော်တင်ဟို ကိုယ်တိုင်က စပိန်မြေကို သွားရောက်ကစားဖို့ စိတ်ဝင်စားနေတယ်လို့ Mirror သတင်းမှာ ဖော်ပြပါတယ်။ လီဗာပူးကစားသမားကော်တင်ဟိုဟာ ပြီးခဲ့တဲ့ရာသီကမှ အသင်းနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုထားတာပါ။ ဘာစီလိုနာအသင်းအနေနဲ့ နေမာအသင်းက ထွက်ခွာမယ်ဆိုရင် ကော်တင်ဟိုအပြင် စပါးက အယ်လီနဲ့ ချဲလ်ဆီးက ဟာဇက်ကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
4 years Ago
Up