နေမာနှင့်ဟာဇက်တို့ထက်

October 14, 2017

နေမာနှင့်ဟာဇက်တို့ထက် ကော်စတာက ပိုကောင်းကြောင်း လူးဝစ်ပြော

တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ ဘရာဇီး တိုက်စစ်မှူး နေမာနဲ့ ချဲလ်ဆီး တိုက်စစ်မှူး အီဒင်ဟာဇက်တို့ထက် ခြေစွမ်းကောင်းတဲ့ ကစားသမား ဖြစ်တယ်လို့ အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ အသင်းဖော် ဖိလစ်ပီ လူးဝစ်က ပြောဆိုလိုက်ပါတယ်။ ဒီယေဂိုကော်စတာဟာ အက်သလက်တီကို မက်ဒရစ်အသင်းကနေ ချဲလ်ဆီးအသင်းကို ၃ နှစ်တာ ပြောင်းရွှေ့ကစားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အသင်းဟောင်း အက်သလက်တီကို ကို ပြန်လည်ပြောင်းရွှေ့သွားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ စပိန်တိုက်စစ်မှူး ကော်စတာဟာ ချဲလ်ဆီးအသင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ၂ ကြိမ်ရရှိထားခဲ့ပါတယ်။ ဒါ့အပြင် ကော်စတာဟာ အဖွင့်ဂိုးတွေ အမြဲသွင်းယူတတ်သလို ဟက်ထရစ်တွေအပါအဝင် ဂိုးပေါင်း ၃၀လောက်ကို အေးအေးဆေးဆေးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်တယ်လို့ အသင်းဖော် လူးဝစ်က ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
4 years Ago
Up