နေမာလက်သစ်ဟု နာမည်ကြီးနေသည့် ၆ နှစ်သားလေး၏ ဘောလုံးစွမ်းရည်

December 1, 2017

နေမာလက်သစ်ဟု နာမည်ကြီးနေသည့် ၆ နှစ်သားလေး၏ ဘောလုံးစွမ်းရည် (ရုပ်သံ)

နေမာလက်သစ်လို့ ခေါ်နေကြတဲ့ အသက် ၆ နှစ်အရွယ် ဘရာဇီးသားလေး အန်တိုနီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာ နာမည်ကြီးလာပြီးနောက် စပိန်ထိပ်သီး အသင်းကြီးတွေက ခေါ်ယူပြီး အနာဂတ်အတွက် လေ့ကျင့်ပေးသွားဖို့ ပစ်မှတ်ထားလာကြပါတယ်။ အန်တိုနီယိုနဲ့ သူ့ရဲ့ဖခင်တို့ ဘောလုံးအပြန်အလှန် ခတ်ကစားတဲ့ ဗွီဒီယိုဖိုင်နဲ့ ဘောလုံးပြိုင်ပွဲက သူ့ရဲ့ ဘောလုံးအထိန်းအသိမ်း ဗွီဒီယိုကိုလည်း လူသန်းပေါင်းများစွာ ကြည့်ရှုခဲ့ရာကနေ နာမည်ကြီးလာတဲ့ ကလေးငယ်လည်း ဖြစ်ပါတယ်။ အန်တိုနီယိုကို ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်အသင်းကို သွားရောက်လေ့ကျင့်ဖို့ လိုလားနေကြပြီး မက်ဆီနဲ့ နေမာလို ဥရောပက ဘောလုံးအကယ်ဒမီတခုမှာ လေ့ကျင့်ရင်း အနာဂတ်မှာ တန်ဖိုးမြင့် ကစားသမားတဦး ဖြစ်လာစေဖို့ အန်တိုနီယိုရဲ့ မိသားစုတွေက မျှော်လင့်နေကြတာပါ။ အန်တိုနီယိုဟာ ဘောလုံးကို ညက်ညောအောင် ကစားတတ်ပြီး ဘောလုံးအထိန်းအသိမ်းအပြင် ဘရာဇီးသားတွေ ကျွမ်းကျင်တဲ့ ဘောလုံးအလှအပ ကစားပြတာတွေကိုလည်း အတော်များများ သင်ကြားတတ်မြောက်ထားတဲ့ ကလေးငယ် ဖြစ်ပါတယ်။
3 years Ago
Up