မန်ယူကွင်းလယ်လူ ပေါ့ဘာဟာ ပီအက်စ်ဂျီအသင်းဆီပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပေမယ့် နေမာဆက်ရှိနေတာကြောင့် ပျက်ပြယ်ခဲ့တယ်လို့သိရပါတယ်။
ကွင်းလယ်လူ ပေါ့ဘာဟာ ပြီးခဲ့တဲ့နွေရာသီက ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီအသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
ပီအက်စ်ဂျီအသင်းက ပေါ့ဘာကို တပတ်လုပ်ခပေါင် ၄၂၉၀၀၀ ပေးပြီးခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း နေမာကို ရောင်းထုတ်နိုင်ခြင်း မရှိခဲ့တာကြောင့် ပျက်ပြယ်ခဲ့ရတာ လို့ အီတလီသတင်းစာ ကယ်စီယိုမာကာတိုက ဖော်ထုတ်ရေးသားခဲ့တာပါ။
တိုက်စစ်မှူးနေမာဟာ အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ သတင်း ထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်မြောက်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
==========================
ပေါ့ဘာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ရေး နေမာကြောင့် ပျက်ပြယ်ခဲ့ဟုဆို
DVB
3 years Ago