နေတိုးအဖွဲ့က ဆိုက်ဘာတိုက်ခိုက်မှု ဟန့်တားရန် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်

February 1, 2018

နေတိုးအဖွဲ့က ဆိုက်ဘာတိုက်ခိုက်မှု ဟန့်တားရန် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်

မြောက်အတ္တလန္တိတ်စာချုပ် (နေတိုး) အဖွဲ့ဟာ စောင့်ကြည့်ထောက်လှမ်းမှု ကျယ်ပြန့်ဖို့နဲ့ အဖွဲ့ဝင်နိုင်ငံတွေအပေါ် ဆိုက်ဘာတိုက်ခိုက်မှုတွေကို ဟန့်တားဖို့ ဆက်သွယ်ရေးဂြိုဟ်တုကို ဇန်နဝါရီ ၃၁ ရက်နေ့က လွှတ်တင်လိုက်ပါတယ်။ ဂြိုဟ်တုကို SpaceX ဖယ်လ်ကွန် နိုင်း ဒုံးပျံပေါ်တင်ပြီး ဖလော်ရီဒါပြည်နယ်က လွှတ်တင်လိုက်တာပါ။ ဒီဂြိုဟ်တုကို လူဇင်ဘတ်အစိုးရနဲ့ လူဇင်ဘတ်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ SES တို့ အကျိုးတူ ပူးပေါင်းထုတ်လုပ်ခဲ့တာပါ။ ဒီဂြိုဟ်တုဟာ လူဇင်ဘတ်ရဲ့ နေတိုးအဖွဲ့အတွင်း ကာကွယ်ရေးဆိုင်ရာ တာဝန်ယူမှုတရပ်အနေနဲ့ ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ GovSat-1 ဂြိုဟ်တုဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန် အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေအတွက် ဆိုက်ဘာကာကွယ်မှု ပိုပေးနိုင်မယ်လို့ လူဇင်ဘတ် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
3 years Ago
Up