နေတိုးထိပ်သီးဆွေးနွေးပွဲ

March 25, 2017

နေတိုးထိပ်သီးဆွေးနွေးပွဲ အမေရိကန်သမ္မတ ထရမ့် တက်ရောက်မည်

လာမယ့် မေ ၂၅ ရက်နေ့မှာ ဘယ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မှာ ကျင်းပမယ့် နေတိုးထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တက်ရောက်မယ်လို့ အိမ်ဖြူတော်က ပြောဆိုပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲမှာ နေတိုးတပ်ဖွဲ့ကြီးအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အာမခံမှုကို နေတိုးခေါင်းဆောင် နိုင်ငံတွေက အလေးထားစောင့်ကြည့်ရမှာကို မျှော်လင့်ရပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စုက တောင်းဆိုနေတဲ့ နေတိုးတပ်ဖွဲ့ဝင် နိုင်ငံတွေ ကာကွယ်ရေးစရိတ် ပိုမိုထည့်ဝင်ဖို့ကိစ္စ၊ နိုင်ငံတကာအကြမ်းဖက်စစ်ဆင်ရေးမှာ နေတိုးတပ်ဖွဲ့ ၀င်ရောက်ကိုင်တွယ်နိုင်ရေးကိစ္စ စတာတွေလည်း ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံအများစုက သဘောတူထားတဲ့အတိုင်း ကာကွယ်ရေးစရိတ်ထည့်ဝင်မှု မရှိတာကို ပြစ်တင်နေတာပါ။ ဥရောပအရှေ့ပိုင်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ရုရှားရဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်နေတဲ့အချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်ကတော့ နေတိုးတပ်ဖွဲ့အနေနဲ့ အိုင်အက်စ်အကြမ်းဖက်စစ်ဆင်ရေးကို အာရုံစိုက်သင့်တယ်လို့ ပြောဆိုနေတာပါ။ အခု နေတိုးထိပ်သီးဆွေးနွေးပွဲကို သမ္မတ ဒေါ်နယ်ထရမ့် သူ သမ္မတတာဝန်စယူခဲ့အပြီး ပထမဆုံး တက်ရောက်မှာဖြစ်ပြီး သူရဲ့ နေတိုးတပ်ဖွဲ့အပေါ် ရပ်တည်မှုကို သံသမန်အကဲခတ်တွေက အလေးထားစောင့်ကြည့်ရမှာဖြစ်ပါတယ်။
5 years Ago
Up