ေနတိုး

October 11, 2019

စိုင်းစိုင်း၊ နေတိုး၊ အေးမြတ်သူနှင့် ထိုင်း၊ ဂျပန်သရုပ်ဆောင်များပါဝင်သည့် ရုပ်ရှင်ရိုက်ကူးမည်

ပရိသတ်အချစ်တော် အဆိုတော်သရုပ်ဆောင်မင်းသား စိုင်းစိုင်းခမ်းလှိုင်၊ နေတိုးတို့ နဲ့အတူ ထိုင်းနဲ့ ဂျပန်သရုပ်ဆောင်တွေ ပါဝင်ကြမယ့် ရုပ်ရှင်ကားတကားကို ရိုက်ကူး တော့မှာ ဖြစ်ပါတယ်။        ကောင်းကင်မရှိတဲ့ကြယ်လို့ အမည်ပေးထားတဲ့ ဒီကားကိုတော့ Myanmar Media 7 မှ စီစဉ်ပြီး နာမည်ကျော် မုန်းစွဲရုပ်ရှင်နဲ့ လူသိများတဲ့ ဒါရိုက်တာ ဩရသက ပုံဖော် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ကားကန်တော့ပွဲပေးတဲ့ အခမ်းအနားကို အောက်တိုဘာ ၁၀ ရက်နေ့က ရန် ကုန်မြို့၊ ရွှေတိဂုံဘုရား အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီကားထဲမှာ စိုင်းစိုင်းခမ်းလှိုင်၊ နေတိုးတို့နဲ့အတူ မြန်မာသရုပ်ဆောင်တွေဖြစ်ကြတဲ့ ထွန်းထွန်း၊ ဟိန်းထက်၊ အေးမြတ်သူ၊ မိုးစက်ဝိုင်၊ နွယ်ဒါလီထွန်း၊ ထိုင်းနိုင်ငံမှ အနုပညာရှင်တွေ ဖြစ်ကြတဲ့ Ken Phuphoom၊ Korn Kang၊ Smile Parada၊ ဂျပန်နိုင်ငံ မှ သရုပ်ဆောင် Emi Takeu တို့က အဓိပါဝင်သရုပ်ဆောင်သွားကြမှာပါ။ ရုပ်ရှင်ရိုက်ကူးမှုကိုတော့ လာမယ့်နိုဝင်ဘာလထဲမှာ ပြုလုပ်တော့မှာ ဖြစ်ပြီး မြန်မာ၊ ထိုင်း၊ ဂျပန်၊ အမေရိကန် ၄ နိုင်ငံမှ အနုပညာရှင်၊ အတတ်ပညာရှင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
2 years Ago

May 3, 2019

ဇာဂနာနှင့် နေတိုးအပြိုင်ကြဲသရုပ်ဆောင်ထားသည့် ဟာသရုပ်ရှင်-ပြဿနာ(နမူနာ)

ရုပ်ရှင်တွေမှာ မတွေ့ရတာကြာပြီဖြစ်တဲ့ ၀ါရင့်ဟာသ သရုပ်ဆောင်မင်းသား ဇာဂနာနဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသား နေတိုးတို့ အပြိုင်ကြဲသရုပ်ဆောင်ထားကြတဲ့ ပြဿနာရုပ်ရှင် ကားကို လာမယ့် မေလ ၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ သက်ဦးမောင်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ မီးပွားပုံဖော်ရိုက်ကူးတဲ့ ဒီ ရုပ်ရှင်ကားကို Golden Hope ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ အမြဲလိုလို ပြဿနာရှာနေတတ်တဲ့ ဆံသဆရာလေး နီ တွတ်၊သားမက်ကို အရမ်းချစ်တဲ့ ယောက္ခမနဲ့ ယောက်ျားကို အရမ်းချစ်တဲ့ မိန်းမကြား  က မောက်ကမ၊ ဗရမ်းဗတာ ဟာသဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးပုံဖော် ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နေတိုး၊ ဇာဂနာတို့နဲ့အတူ တခြားသရုပ်ဆောင်မင်းသားမင်းသ မီးတွေ ဖြစ်ကြတဲ့ ခင်လှိုင်၊ ဒိန်းဒေါင်၊ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ ယဉ်လက်စတဲ့ သရုပ် ဆောင်တွေ အများကြီး အားဖြည့်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဇာဂနာဟာ ရုပ်ရှင်လောကမှာ ဒါရိုက်တာအဖြစ်ရော၊ သရုပ်ဆောင်အနေနဲ့ပါ သဘာဝကျကျ ဟာသမြောက်အောင် သရုပ်ဆောင်နိုင်သူတဦးဖြစ်ပြီး သူပါဝင်ခဲ့တဲ့ ပုဏ္ဏားဘ ကွန်း၊ ပေါ့ပေါ့ပါးပါးပြုံးစတဲ့ ရုပ်ရှင်တွေဟာ ထင်ရှားပါတယ်။ မိုးညအိပ်မက်မြူ၊ နက္ခတ်မှားတဲ့ တိုက်ပွဲ၊ တာတေကြီးစတဲ့ ရုပ်ရှင်ကားတွေနဲ့ မြန် မာ့ရုပ်ရှင်ထူးချွန်ဆု ၃ ဆုရရှိထားခဲ့တဲ့ နေတိုးကတော့ ဒရာမာရော ဟာသပါ ပိုင်နိုင်တဲ့ သရုပ်ဆောင်မင်းသားတဦးဖြစ်တာမို့ သူတို့ ၂ ဦးအပြိုင်ကြဲ သရုပ်ဆောင်ထားတဲ့ ဒီကား ထဲမှာ ဘယ်လိုသရုပ်ဆောင်မှုတွေ တွေ့ရမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာ ခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
3 years Ago
More News
Up