ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီ ချိတ်ဆွဲ

August 2, 2018

ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ကနေဒါ လူ့အခွင့်အရေးပြတိုက်မှ ဖယ်ရှားခံရ

မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားကို ကနေဒါနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ပြတိုက်တခုကနေ ဖယ်ရှားခံခဲ့ရတယ်လို့ ဂလိုဘယ်လ်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ မြန်မာနိုင်ငံတွင်းမှာ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပဋိပက္ခ အခြေအနေတွေကြောင့် ဖြစ်တယ်လို့ အဆိုပါ ဝင်နီပက်ဂ်ပြတိုက်က ဆိုပါတယ်။ လက်ရှိမှာတော့ ပြတိုက်တွင်းမှာ တခြားလူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့အတူ ခင်းကျင်းပြသထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူပန်းချီကားကို ဖယ်ထုတ်ပစ်လိုက်ပြီလို့ ပြတိုက်မှ တာဝန်ရှိသူတဦးဖြစ်တဲ့ အဲန်ဂျလာကက်ဆီက ပြောပါတယ်။ ခုလိုဆုံးဖြတ်မှုမလုပ်ခင်မှာ ပြတိုက်အနေနဲ့ ကနေဒါနိုင်ငံမှာရောက်နေတဲ့  ရိုဟင်ဂျာလူမျိုးတွေနဲ့ စကားပြောခဲ့ပြီး သူတို့တွေက ဒေါ်အောင်ဆန်းစုကြည်ပုံတူကို မြင်နေရ တာဟာ လူနည်းစု ရိုဟင်ဂျာတွေအပေါ် သစ္စာဖောက်နေသလို ခံစားနေရတယ်လို့ ဆိုပါတယ်။
3 years Ago

February 12, 2018

ဆူးလေအနီး အဆောက်အအုံတခုတွင် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီ ချိတ်ဆွဲ

ရန်ကုန်မြို့လယ် ဆူးလေစေတီအနီးက ဆောက်လက်စ အဆောက်အအုံတခုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကို ဗီနိုင်းထုတ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့က ချိတ်ဆွဲခဲ့ပါတယ်။ အဲဒီလို ချိတ်ဆွဲတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ထောက်ခံသူတွေရှိသလို ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၁ ပင်လုံညီလာခံကနေ ဖက်ဒရယ်ပြည်ထောင်စုဆီကို သွားဖို့ ကြိုးပမ်းဆောင်ရွက်တာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကား ချိတ်ဆွဲရတာလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်တဦးဖြစ်တဲ့ ဒေါ်သန်းမြင့်အောင်က ဆိုပါတယ်။ အဲဒီပန်းချီကားကို ဆူးလေစေတီတော်အနီး ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိတဲ့ အဆောက်အအုံတခုမှာ ချိတ်ဆွဲထားတာလည်း ဖြစ်ပါတယ်။
4 years Ago
Up