ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့် စစ်ရဟတ်ယာဉ် အရေးပေါ်ဆင်းသက်

February 6, 2019

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့် စစ်ရဟတ်ယာဉ် အရေးပေါ်ဆင်းသက် (ရုပ်သံ)

နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ​စီးနင်းလိုက်​ပါတဲ့ တပ်မတော်ရဟတ်​ယာဉ်​ဟာ ဟိုက်​ဒ​ရောလစ်​ဆီ ယိုစိမ့်​မှု​ကြောင့် ဒီကနေ့ ရှမ်းပြည်နယ် မိုင်းတုံမြို့မှာ မြေပြင်ပေါ် အ​ရေး​ပေါ် ပြန်​လည်​ ဆင်းသက်​ခဲ့ရပါတယ်။ ​ဒေါ်​အောင်​ဆန်းစုကြည်​ စီးနင်းလိုက်​ပါတဲ့ တပ်​မ​တော်​ ရဟတ်​ယာဉ်​ဟာ မိုင်းဆတ်ကိုသွားဖို့ မိုင်းတုံမှပြန်​တက်​ပြီး သုံးမိနစ်​အကြာမှာ ဟိုက်​ဒ​ရောလစ်​ဆီယိုစိမ့်တဲ့အတွက် အ​ရေး​ပေါ် ပြန်​လည်​ဆင်းသက်​ခဲ့ရတာလို့ လုံခြုံ​ရေးအဖွဲ့​ခေါင်း​ဆောင်​က​ ပြောပါတယ်။ “မိုင်းတုံမြို့နယ်​​ ထွေအုပ်​ခန်းမမှာ ပြည်​သူလူထုနဲ့ ​တွေ့ဆုံပြီး မိုင်းဆတ်​မြို့ကို ပြန်​လည်​ထွက်​ခွာဖို့ ပျံသန်းချိန်​မှာ ပိုင်း​လော့က ဆီယိုစိမ့်နေတာ​ကြောင့် ဆက်​လက်​ပျံသန်းဖို့ မဖြစ်​နိုင်​ဘူးဆိုပြီး ပြန်​လည်​ဆင်းသက်​ခဲ့ရတာပါ” အဆိုပါအ​ရေး​ပေါ်ကိစ္စရပ်​​ကြောင့် နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှမ်းပြည်​နယ်​ဝန်​ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့ဟာ အရန်​လိုက်​ပါလာတဲ့ ရဟတ်​ယာဉ်​တ​စီးကို​ ပြောင်း​ရွှေ့စီးနင်းကာ  မိုင်းဆတ်​မြို့ကို အန္တရာယ်​ကင်းစွာ သွားရောက်နိုင်ခဲ့ပါတယ်။ ဆီယိုစိမ့်ခဲ့တဲ့ ရဟတ်​ယာဉ်​ကတော့ မိုင်းတုံ​လေယာဉ်​ကွင်းမှာ ​ ရပ်​နားထားခဲ့ရပါတယ်​။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ် ခရီးစဉ်သွားရောက် နေတာဖြစ်ပြီး မနေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာ ဒေသခံလူထုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ မနက်မှာတော့ ကျိုင်းတုံမြို့ မြို့တော်ခန်းမမှာ လူထုနဲ့ တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံ တာဆန်းတံတား တည်ဆောက်မှု ပန္နက်ရိုက်ပွဲအခမ်းအနားကို လည်း တက်ရောက်ခဲ့ပါတယ်။ သတင်း- ​အောင်​​ဇေယျ(မိုင်းတုံ)
2 years Ago
Up