ဒေါ်အောင်ဆန်းစုကြည် ကနေဒါနှင့်

June 5, 2017

ဒေါ်အောင်ဆန်းစုကြည် ကနေဒါနှင့် ဆွီဒင်နိုင်ငံသို့သွားရောက် (သတင်းဓာတ်ပုံ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  ကနေဒါနဲ့  ဆွီဒင်နိုင်ငံတွေကို တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ်  ဇွန် ၄ ရက် ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ လေကြောင်းနဲ့ စတင်ထွက်ခွာသွားပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးနဲ့ ဆွီဒင်လွှတ်တော် ဥက္ကဋ္ဌ အော်ရိဘန် အာလင်းနဲ့ ဆွီဒင် ဝန်ကြီးချုပ်  စတီဖန်လိုဗန်တို့ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - Ministry of Foreign Affairs Myanmar
4 years Ago
Up