ဒေါ်အောင်ဆန်းစုကြည်နှ်င့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံဆွေးနွေးမည်

December 19, 2017

ဒေါ်အောင်ဆန်းစုကြည်နှ်င့် တရုတ်အထူးကိုယ်စားလှယ်တို့  တတိယပင်လုံ ကျင်းပရေးဆွေးနွေး

   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာစွန်းကော်ရှန်းတို့ တွေ့ဆုံပြီး  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေး ကျင်းပရေး ဆွေးနွေးခဲ့ကြပါတယ် ဒီဇင်ဘာ ၁၉ ရက် ဒီမနက်မှာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံ ခဲ့ကြတာဖြစ်ပြီး ရခိုင်ပြည်နယ်အရေးကိစ္စရပနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းကော်ရှန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ၀ တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကိုယ်စားလှယ်တွေနဲ့ တရုတ်မှာ တွေ့ဆုံပြီး မြောက်ပိုင်းတပ်ဖွဲ့တွေ တတိယပင်လုံတက်ဖို့ ဆွေးနွေးခဲ့ပါသေးတယ်။ ဒီအတောအတွင်းမှာပဲ အစိုးရငြိမ်းချမ်းရေးကော်မရှင်ရဲ့ ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ကိုယ်စားလှယ်တွေ တရုတ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်း နေပြည်တော်မှာကျင်းပခဲ့တဲ့ ဒုတိယပင်လုံ ငြိမ်းချမ်းရေး ညီလာခံမှာ တရုတ်အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အခုတခါ အစိုးရက တတိယပင်လုံညီလာခံကို လာမယ့် ဇန်န၀ါရီလဆန်းပိုင်း ပြုလုပ်မယ်လို့ ထုတ်ဖော်ပြောဆိုအပြီးမှာ တရုတ်အထူးကိုယ်စားလှယ်ရဲ့ ငြိမ်းချမ်းရေးလွန်းပျံခရီး တွေ ထပ်မံထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ ဒီတကြိမ် တရုတ်အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် အမေရိကန် ဒေါ်လာ တစ်သန်း ပေးအပ်ခဲ့ပါတယ်။
3 years Ago

August 31, 2017

ဒေါ်အောင်ဆန်းစုကြည်နှ်င့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံဆွေးနွေးမည်

  မွန်ပြည်သစ်ပါတီဌာနချုပ်အနီး တပ်မတော်ကလာရောက် တပ်စွဲထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ဖြန်တွေ့ဆုံဆွေးနွေးမယ်လို့  မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီဝင် နိုင်အောင်မငေးက ပြောပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်အကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ပတ်သက်လို့ ပါတီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတာဖြစ်ပြီး မနက်ဖြန် နေပြည်တော်မှာတွေ့ ဆုံဆွေးနွေးမယ်လို့ နိုင်အောင်မငေးက ပြောပါတယ်။ “ကျနော်တို့ မြေပြင်မှာ တပ်အချင်းချင်း  တပ်မတော်က ကျနော်တို့ ကွင်းထဲကိုဝင်လာတာပေါ့နော်။ အဲဒါကို ကျနော်တို့ ဖြေလျော့ဖို့ အတွက်ကိစ္စရယ်၊  နောက်တော့ အန်စီအေလမ်းကြောင်း တစိုက်မတ်မတ်သွားဖို့ကိစ္စရယ် အဲဒါ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဖို့ပါ။ ” မွန်ပြည်သစ်ပါတီအနေနဲ့ အန်စီအေလမ်းကြောင်းအတိုင်း သွားဖို့ဆုံးဖြတ်ထားပေမယ့် ညီညွှတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်ဖက်စီ)ရဲ့ မူအတိုင်းသွားဖို့ ဆုံးဖြတ်ထားပါတယ်။ မွန်ပြည်သစ်ပါတီအနေနဲ့ အစိုးရနဲ့ အန်စီအေလက်မှတ် ရေးထိုးဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် အန်စီအေလက်မှတ်ထိုးရေးမထိုးရေးဟာလက်ရှိ ဒီပီအန်နဲ့ ဆွေးနွေးတဲ့ရလဒ်အပေါ်မှာ မူတည်တယ်လို့လည်း နိုင်အောင်မငေးက ပြောပါတယ်။ “ အဆိုပြုချက် ၈ ချက်အပေါ်မှာ ပြေလည်တဲ့အခါကျရင် အဲဒါနဲ့ အန်စီအေကိစ္စ ပိုမိုခိုင်မာ မှုရှိအောင်လုပ်မယ်။ နောက်မြေပြင်အခြေအနေမှာလည်း ချောချောမွေ့မွေ့ရှိရင်တော့ အဲဒါဖြစ်နိုင်တယ်ပေါ့နော်။ ” ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကလည်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်တွေနဲ့ မွန်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာအေးဇံဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး ဒေသတွင်း ဖွံ့ဖြိုးရေးကိစ္စ၊ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မွန်ပြည်သစ်ပါတီဟာ အစိုးရနဲ့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ပြီးခဲ့တဲ့ အစိုးရလက်ထက်က လက်မှတ်ထိုးထားပါတယ်။
4 years Ago
Up