ဒေါ်အောင်ဆန်းစုကြည်အား

October 15, 2017

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ မြို့တော်ခန်းမရှေ့ ပြုလုပ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီထောက်ခံပွဲမှာ ဆရာတော်ဦးပါမောက္ခရဲ့သဝဏ်လွှာကို ဟာသလူရွှင်တော် ထက်ထက်က ဖတ်ကြားခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်အရေးမှာ မြန်မာဘက်ကရပ်တည်ခဲ့တဲ့ အိန္ဒိနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံက ခေါင်းဆောင်တွေကိုလည်း ကျေးဇူးတင်ဂုဏ်ပြုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ရခိုင်အရေးနဲ့ ပက်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ မြင့်တက်နေချိန်မှာ အခုလို ထောက်ခံပွဲတွေကို နိုင်ငံတ၀န်း မြို့ကြီးတွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။
4 years Ago

October 6, 2016

ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းစွာဆဲဆိုသူ ၂ ဦးကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းစွာ ဆဲဆိုခဲ့တဲ့ အမျိုးသား ၂ ဦးကို အကြည်ညိုပျက်စေမှုအပါအ၀င် ပုဒ်မ ၃ ခုနဲ့ ရေဆင်းမြို့မရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာ(တောင်)ရွာနေ ဦးဌေးမြင့်နဲ့ ဦးအောင်မြင့်သန်းတို့ကို အရေးယူပေးဖို့ အန်အယ်ဒီပါတီဝင် ဦးသက်ထွေးက အောက်တိုဘာ ၅ ရက်နေ့က တိုင်ကြားခဲ့တာပါ။ အဆိုပါရွာသား နှစ်ဦးဟာ စက်တင်ဘာ ၂၂ ရက်နေ့ ည ၁၁ နာရီလောက်က လေသာ-ရေဆင်း လမ်းမကြီးပေါ်မှာ ဆဲဆိုခြိမ်းခြောက်ခဲ့တာကြောင့် အခုမှတွေ့ရှိပြီး အမှုဖွင့်နိုင်ခဲ့တာလို့ ဇေယျာသီရိမြို့နယ် အန်အယ်လ်ဒီပါတီဝင် ဦးသက်ထွေးက ပြောပါတယ်။ "အဲဒီနေ့က မှောင်နေတော့ ဘယ်သူဘယ်ဝါဆိုတာမသိဘူး စုံစမ်းပြီးအခုမှသိလို့ အရေးယူပေးဖို့ တိုင်ကြားတာပါ။" ဆဲဆိုခဲ့သူနှစ်ဦးကို ရေဆင်းမြို့မရဲစခန်းမှာ (ပ) ၁၃၆၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄ (ညစ်ညမ်းစွာဆဲဆိုမှု)၊ ၅၀၀(အကြည်ညိုပျက်စေမှု)၊ ၅၀၀ (ခ) (အထိတ်တလန့်ဖြစ်စေမှု) တို့နဲ့ အရေးပေးဖို့ အမှုဖွင့်ထားပါတယ်။
5 years Ago
Up