ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းသို့ ရောက်ရှိ

October 6, 2017

ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းသို့ ရောက်ရှိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့မွန်းလွဲပိုင်းက ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အထူးလေယာဉ်နဲ့ ရောက်ရှိခဲ့ကြပါတယ်။ ဘန်ဒါဆရီဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ရှေ့နေချုပ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တော်ဝင်ဘရူနိုင်း ရဲတပ်ဖွဲ့အကြီးအကဲ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချိုထွန်းအောင်နဲ့ သံရုံးဝန်ထမ်းမိသားစုတွေ ကြိုဆိုခဲ့ကြပါတယ်။ ဓာတ်ပုံ - MOFA
4 years Ago
Up