ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလတာဝန်ရှိသူများ ဆွေးနွေး

February 23, 2016

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလတာဝန်ရှိသူများ ဆွေးနွေး

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၊ အီးယူ၊ ယူကေ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေက သံတမန်တွေ ပါဝင်တဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းကော်မတီနဲ့  နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ယနေ့မွန်းလွဲ ၃နာရီ ၃၀ မိနစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ  ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ (အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး) မှ Ms.Yoriko Yasukawa   နဲ့အဖွဲ့ဝင်နှစ်ဦးကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာ်မှာ ဖော်ပြထားပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေကို ဖော်ပြခြင်းမရှိပါဘူး။ ဓာတ်ပုံ - National League for Democracy  
5 years Ago
Up