ဘရက်ဒ်ပစ်ဒ်နဲ့ ကွာရှင်းခွင့်မတင်ခင် ရက်သတ္တပတ်အနည်းငယ်ကတည်းက အင်ဂျလီနာဂျိုလီ က သူမနေထိုင်ဖို့အတွက် ရဲတိုက်တလုံးကို တလဒေါ်လာ ၉၅,၀၀၀ နဲ့ ငှားရမ်းထားခဲ့တယ်လို့ သိရပါတယ်။
လေယဉ်ပေါ်မှာ ကလေးတွေကို ဘရက်ပစ်ဒ်က နှုတ်အားဖြင့်ကိုယ်အားဖြင့် ထိခိုက်အောင် မလုပ်ခင် ကတည်းက ဒါမှမဟုတ် ကွာရှင်းခွင့်ကို တရားဝင်မလျှောက်ထားခင် ရက်သတ္တပတ် အနည်းငယ်ကတည်းက မင်းသမီးဟာ မာလီဘူက အိမ်တလုံးကို ငှားရမ်းခဲ့တယ်လို့ ဒေးလီးမေးက သိခဲ့တာပါ။
ဟောလီးဝုဒ်အကျော်အမော်ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီနဲ့ ဘရက်ဒ်ပစ်တို့ရဲ့ ကွာရှင်းမှုဟာ ရုတ်တရက်ဖြစ်ခဲ့ပုံရပေမယ့် သူမခင်ပွန်းနဲ့ကလေးတွေကြား မမျှော်လင့်တဲ့ ပြဿနာမဖြစ်ခင် အချိန် အတော်ကြာကြာကတည်းက သူမအနေနဲ့ ဒီကွာရှင်းမှုကို ဆုံးဖြတ်ထားခဲ့ပုံလည်း ရပါတယ်။
အသက် ၄၁ နှစ်အရွယ်မင်းသမီးရဲ့ လျှို့ဝှက်နားခိုရာဖြစ်တဲ့ ဒီဇိမ်ခံအိမ်ကြီးရဲ့ အရည်အသွေးမြင့်ပုံတွေကို ပထဦးဆုံးအကြိမ် ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။
မင်းသမီးက သူမနဲ့ သူမခင်ပွန်းတို့ ခွဲပြီးနေတာ စက်တင်ဘာလ ၁၅ ရက်နေ့ဟာ ၂ နှစ်ရှိပြီဖြစ်ကြောင်း စာရင်းသွင်းပြီးတဲ့အချိန်မှာ သူမဟာ သူမနဲ့ကလေး ၆ ယောက်တို့နေထိုင်ဖို့ တစ်လ ဒေါ်လာ ၉၅,၀၀၀ တန်တဲ့ အိမ်တစ်လုံးကို ငှားရမ်းပြီးနေပါပြီ။
အော်စကာဆုပေးပွဲ မပြုလုပ်ခင် ၃ ပတ်အလိုနဲ့ လော့စ်အိန်ဂျလိစ်တရားရုံးမှာ ကွာရှင်းခွင့်တင်တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ မတိုင်ခင်ကတည်းက ဒီပင်လယ်ကမ်းခြေမျက်နှာမူထားတဲ့အိမ်ကို ငှားရမ်းထားတာလည်း ဖြစ်ပါတယ်။
အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းပါတဲ့ ဧရိယာအကျယ်အဝန်း ၄၄၀၉ ပေကျယ်တဲ့ ဒီအိမ်ဟာ ဒေါ်လာ ၁၂ သန်းနီးနီး တန်ကြေးရှိတယ်လို့လည်း သိရပါတယ်။ အိမ်ဂိတ်တံခါးဝကတော့ သူမနဲ့ ကလေး ၆ ယောက်တို့အတွက် သတင်းမီဒီယာတွေနဲ့ လက်ရှိခွဲနေတဲ့ သူတို့ရဲ့ အမျိုးသား/ဖခင်တို့နဲ့ ဝေးဝေးနေနိုင်အောင် ကောင်းမွန်းလွန်းလှပါတယ်။
ဒီအိမ်က ဆိတ်ငြိမ်သီးသန့်ဖြစ်လွန်းလို့ နာမည်ကျော်တွေကြိုက်တဲ့ မာလီဘူရဲ့ အစွန်အဖျား ဘက်မှာ ရှိနေပြီး အန်တိုနီဟော့ပ်ကင်စ်၊ ဂျူလီယာရောဘတ်တို့အပါအဝင် နာမည်ကျော်တွေ နဲ့လည်း လက်တလော အိမ်နီးနားချင်းဖြစ်နေတာပါ။ အိမ်ရဲ့ဂိတ်ဝမှာလည်း လုံခြုံရေးအစောင့် ထားရှိထားပြီး သောကြာနေ့မှာ သူမရဲ့လုံခြုံရေးသမားက အိမ်အပြင်က ကားတွေကိုလည်း နှစ်ကြိမ်ထပ်ပြီး စစ်ဆေးနေပုံလည်းရပါတယ်။
ဂျိုလီကိုကြည့်ရတာတော့ ခုအိမ်ကနေထွက်ခွါမဲ့ပုံမပေါ်သေးပဲ သူမရဲ့လက်ထောက်က သူမနဲ့မိသားစုရဲ့ လိုအပ်တာတွေမှန်သမျှကို လုပ်ဆောင်ပေးနေတာပါ။
4 years Ago