တရုတ်နိုင်ငံ၊ ယူနန်ခရိုင်၊ ကူမင်းမြို့က စတိုးဆိုင်တဆိုင်မှာ အမျိုးသား ၂ ဦး ပူးပေါင်းပြီး အညိုရောင် သားမွေးကုတ်တထည်ကို ခိုးယူခဲ့ကြပါတယ်။
စီစီတီဗွီသတင်းဌာနက ဒီဇင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဗွီဒီယိုဖိုင်မှာ အဲဒီလူ ၂ ဦးဟာ စတိုးဆိုင်တွင်း ရှေ့နောက်တန်းစီရပ်နေရင်း တဦးက ဆိုင်ဝန်ထမ်းကို စိတ်အနှောင့်အယှက် ပေးနေခဲ့ချိန်မှာ နောက်တဦးက ဘောင်းဘီအိတ်ထဲ သားမွေးကုတ်ကို ထိုးထည့်ပြီး ခိုးယူသွားခဲ့တာပါ။
အဲဒီ အညိုရောင်သားမွေးကုတ်ဟာ ယွမ် ၄၈,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၅၀၀) လောက် တန်ဖိုးရှိပြီး ရဲတွေက ဆက်လက်စုံစမ်းနေကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ရုပ်သံ - စီစီတီဗွီ
7 years Ago