ဒေါ်လာ ၁ သိန်းတန် နာရီကိစ္စ ဦးဖြိုးမင်းသိန်း အလဲဗင်းကို တရားစွဲဖို့ စီစဉ်နေတယ် - ဦးဝင်းထိန်

A d v e r t i s e m e n t With Us

November 9, 2016

ဒေါ်လာ ၁ သိန်းတန် နာရီကိစ္စ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း သတင်းစာရှင်း (ဓာတ်ပုံ)

ဒေးလီးအလဲဗင်းသတင်းစာရဲ့ အယ်ဒီတာအာဘော်မှာ ဖော်ပြခဲ့တဲ့ ၀န်ကြီးချုပ်တဦးကို ဒေါ်လာ ၁ သိန်းလောက်တန်တဲ့ နာရီပတ်လို့ နိုင်ငံသားတွေက မကျေမနပ်ဖြစ်စေခဲ့တယ်လို့ ရေးသားချက်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းအစိုးရရုံးမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ဦးဆောင်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလဲဗင်းမီဒီယာဂရုနဲ့ CEO ဦးသန်းထွဋ်အောင်ကို နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ တာမွေမြို့နယ်ရဲစခန်းမှာ ၆၆ ဃ နဲ့ အမှုဖွင့်ထား တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဝန်ကြီးချုပ်က Patek philippe နာရီ နာမည်ကိုတောင် မရင်းနှီးကြောင်း၊ သူတို့ပြောတဲ့ နာရီလည်းမရှိကြောင်း၊ သူအမြဲပတ်နေတဲ့နာရီက ဝန်ကြီးချုပ်မဖြစ်ခင်က ပတ်နေတဲ့ ရိုးလက်နာရီဖြစ်ပြီး နာရီရဲ့ တန်ဖိုး ဈေးနှုန်းကိုတော့ မပြောလိုဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ သတင်းဓာတ်ပုံ - လင်းဆက်အောင်  
4 years Ago

November 8, 2016

ဒေါ်လာ ၁ သိန်းတန် နာရီကိစ္စ ဦးဖြိုးမင်းသိန်း အလဲဗင်းကို တရားစွဲဖို့ စီစဉ်နေတယ် - ဦးဝင်းထိန်

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အလဲဗင်းမီဒီယာကို တရားစွဲဖို့ စီစဉ်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးဝင်းထိန်က ပြောပါတယ်။ ဒေးလီးအလဲဗင်းသတင်းစာရဲ့ အယ်ဒီတာအာဘော်မှာ ဖော်ပြခဲ့တဲ့ ၀န်ကြီးချုပ်တဦးကို ဒေါ်လာတသိန်းလောက်တန်တဲ့ နာရီပတ်လို့ နိုင်ငံသားတွေက မကျေမနပ်ဖြစ်စေခဲ့တယ်လို့ ရေးသားချက်နဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့လည်း စာရေးသား တောင်းဆိုထားတာပါ။ အဲဒီနာရီကို မူးယစ်ဆေးမှုနဲ့ မကြာခင်ကမှ ထောင်ကလွတ်လာတဲ့ စီးပွားရေးသမားတဦးက ပေးတယ်ဆိုတဲ့ ရေးသားချက်ဟာလည်း မဟုတ်ကြောင်းနဲ့ ဦးဖြိုးမင်းသိန်းပတ်နေတဲ့ နာရီဟာ သိန်း ၃၀ လောက်တန်တဲ့ ရိုးလက်စ်အမျိုးအစားဖြစ်ပြီး သူ့ဇနီးဖြစ်သူက လက်ဆောင်ဝယ်ပေးထားတာလို့ ဦးဝင်းထိန်က ပြောပါတယ်။
4 years Ago
Up