ဒေါ်နယ်လ်ထရမ့်ပ် မိန့်ခွန်းပြောစဉ် သေနတ်သမားဖမ်းမိ (ရုပ်သံ)

A d v e r t i s e m e n t With Us

November 6, 2016

ဒေါ်နယ်လ်ထရမ့်ပ် မိန့်ခွန်းပြောစဉ် သေနတ်သမားဖမ်းမိ (ရုပ်သံ)

အမေရိကန်နိုင်ငံ နီဗာဒါပြည်နယ်က ရီနိုမြို့မှာ နိုဝင်ဘာ ၅ ရက်နေ့ညက သမ္မတလောင်း ဒေါ်နယ်လ်ထရမ့် ရွေးကောက်ပွဲအောင်နိုင်ရေး မိန့်ခွန်းပြောနေစဉ် သေနတ်သမားတဦး ရောက်ရှိလာလို့ လျှို့ဝှက်လုံခြုံရေး ၂ ဦးက ထရမ့်ကို မိန့်ခွန်းပြောစင်ပေါ်ကနေ အတင်းခေါ်ထုတ်သွားခဲ့ရပါတယ်။ ရုပ်သံဗွီဒီယိုထဲမှာတော့ လုံခြုံရေးတွေက ထရမ့်ကို ခေါ်ထုတ်သွားပြီးနောက် မကြာခင်မှာ လူအုပ်ထဲက လူတဦးကို ရဲအရာရှိတွေက ဝန်းရံပြီး လူအုပ်နဲ့ ဝေးရာ သန့်စင်ခန်းကို ခေါ်ဆောင်သွားတာ တွေ့ရပါတယ်။ ဒီလူကို ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ အမည်မဖော်တဲ့ လျှို့ဝှက်လုံခြုံရေးအရာရှိတဦး ပြောတာကို ရည်ညွှန်းပြီး စီအန်အန်က သတင်းထုတ်ပြန်သွားပါတယ်။ အခင်းဖြစ်ပြီးနောက် ရီနိုမြို့ကွန်ဗင်းရှင်းစင်တာက စင်ပေါ်ကို ပြန်ရောက်လာတဲ့ ထရမ့်က “ကျနော်တို့ကို ဘယ်တော့မှ ရပ်တန့်အောင်လုပ်လို့ မရဘူး၊ ဘယ်တော့မှကို ရပ်အောင်လုပ်လို့ မရဘူး” လို့ ပြောပါတယ်။ “ကျနော် လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့တွေကို ကျေးဇူးတင်ပါတယ်။ ဒီလူတွေဟာ အရမ်းတော်တဲ့လူတွေ” လို့လည်း ဖြည့်ပြောသွားပါသေးတယ်။
4 years Ago
Up