အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ် သမ္မတလောင်း ပမာဏရွေးချယ်ပွဲမှာ ဒေါ်နယ်ထရမ်းက ထပ်ပြီးအနိုင်ရရှိတဲ့အတွက် တခြားရီပတ်ပလစ်ကန်ပါတီ သမ္မတလောင်းတွေ ထက် အသာစီးရသွားပါတယ်။ ဒီမိုကရက်တစ်ပါတီဖက်မှာတော့ ဟစ်လာရီကလင်တန်က နီဗားဒါးပြည်နယ် သမ္မတရွေးပွဲမှာ ပြိုင်ဖက် Bernie Sanders ကို ပွတ်ကာသီကာနဲ့ အနိုင်ရရှိ သွားပါတယ်။
လာမယ့် မတ်လ ၁ ရက်နေ့မှာ အမေရိကန်ပြည်နယ် ၁၂ ပြည်နယ်မှာ အမေရိကန်သမ္မတ ပဏာမအဆင့် ရွေးချယ်ပွဲတွေကို ကျင်းပကြမှာဖြစ်တဲ့အတွက် အခုလို ရှေ့ပြေးရလဒ် ကောင်းတွေရရှိထားဖို့ သမ္မတလောင်းတွေအတွက် အရေးကြီးပါတယ်။
သမ္မတလောင်း ဒေါ်နယ်ထရမ်း ရီပတ်ပလီကန်ပါတီကိုယ်စားပြု အနိုင်ရလိုက်တဲ့အချိန်မှာပဲ သူ့နဲ့ပြိုင်ဖက် အရင်အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘုစ်က ညီ Jeb Bush က အဆင့် ၄ နေရာပဲရပြီး ရွေးကောက်ပွဲကနေ နုတ်ထွက်သွားပါတယ်။
ဒီပွဲမတိုင်ရင် သမ္မတဟောင်း ဂျော့ဒဗလျူဘုစ်က သူ့ညီအတွက် မဲဆွယ်ပွဲမှာ ရှားရှားပါးပါး ၀င်ပြီး ကူညီမဲဆွယ်ပေးခဲ့ပါသေးတယ်။ တခြားရီပတ်ပလစ်ကုန်ပါတီ ကိုယ်စားလှယ်လောင်း ၂ ဦး ဖြစ်တဲ့ တက်ဒ် ခရုစ် Ted Cruz နဲ့ မာကို ရူဘီယို Marco Rubio တို့ကတော့ ဒုတိယနေရာအတွက် အကြိတ်အနယ်ပြိုင်ဆိုင်ခဲ့ကြပါတယ်။
5 years Ago