ဒေါ်နယ်ထရမ့် ပြော

December 31, 2017

ဖိနှိပ်သည့် အစိုးရတပ်များ ကြာရှည်မခံဟု ဒေါ်နယ်ထရမ့် ပြော

အီရန်ပြည်သူတွေဟာ အပြောင်းအလဲကို လိုလားကြပြီး ဖိနှိပ်တဲ့ အစိုးရတွေဟာ ကြာရှည်မခံဘူးလို့ အမေရိကန် သမ္မတထရမ့်က ဒီဇင်ဘာ ၃၀ ရက်က တွစ်တာကနေ ရေးသားဖော်ပြခဲ့ပါတယ်။ အီရန်နိုင်ငံမှာ တတိယမြောက်နေ့အဖြစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာကို တုံ့ပြန်တဲ့သဘောနဲ့  သမ္မတထရမ့်က ရေးသားခဲ့တာဖြစ်ပါတယ်။ သမ္မတ ထရမ့်က “အီရန်ပြည်သူတွေ ရွေးချယ်ရမယ့် နေ့တစ်နေ့ ရောက်လာလိမ့်မယ်။ ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်” လို့လည်း ရေးသားခဲ့ပါတယ်။ အီရန်နိုင်ငံ ဒိုရွတ်မြို့မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဆန္ဒပြသူ နှစ်ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

September 7, 2017

မြောက်ကိုရီးယားအား စစ်ရေးအရအရေးယူရန်ကိစ္စ ပထမဦးစားပေးမဟုတ်ဟု ဒေါ်နယ်ထရမ့် ပြော

မြောက်ကိုရီးယားကို စစ်ရေးအရ အရေးယူဖို့ကိစ္စဟာ ပထမဦးစားပေးမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ “ဦးစားပေးရွေးချယ်မှု၊ ဒါပေမယ့် ဘာတွေဆက်ဖြစ်လာမလဲ။ ဘာတွေဆက်ဖြစ် လာမလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့”လို့ သူကပြောလိုက်တာပါ။ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး တယ်လီ ဖုန်းမှတဆင့် ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ “ကျနော်တို့ ကောင်းကောင်းစကားပြောဖြစ်ခဲ့ကြပါတယ်။ အချိန်လည်း aတ်ာတော် ကြာပါတယ်။ တရုတ်သမ္မတ ရှီကလည်း တစ်ခုခုလုပ်ချင်နေပါတယ်။ သူလုပ်နိုင်၊ မလုပ် နိုင်ဆိုတာကို ကျနော်တို့ ကြည့်ကြတာပေါ့။ ဒါပေမယ့် မြောက်ကိုရီးယားမှာ ဖြစ်နေတဲ့ ကိစ္စကိုတော့ ကျနော်တို့ သည်းခံမှာ မဟုတ်ဘူး” လို့ ထရမ့်က ပြောပါတယ်။ လက်ရှိ ကိုရီးယားကျွန်းဆွယ်အရေးနဲ့ ပတ်သက်ပြီးလည်း တရုတ်သမ္မတ ရှီကျင့် ဖျင်အနေနဲ့ သူနဲ့ ရာနှုန်းပြည့် သဘောတူညီလိမ့်မယ်လို့ ဆိုပါတယ်။ “သမ္မတ ရှီဟာကလည်း ကျနော်နဲ့  ရာနှုန်းပြည့်သဘောတူမယ်လို့ ယုံကြည်ပါတယ်။ သူလည်း မြောက်ကိုရီးယားမှာ အခုလို ဖြစ်နေတာကို မြင်ချင်တွေ့ချင်မှာ မဟုတ်ပါဘူး။ ကျနော်တို့နှစ်ယောက်ဟာ ပွင့်လင်းပြီး အားပါတဲ့ တယ်လီဖုန်းဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။” ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ် မှုအပြီးမှာ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတွေက ကုလသမဂ္ဂဆီ မြောက်ကိုရီးယားကို စီးပွားရေးအရ ဒဏ်ခပ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ တောင်းဆိုထားခဲ့ကြပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုတွေ ဆက်လက်လုပ် ဆောင်မလား၊ အရေးယူပိတ်ဆို့မှုတွေ လုပ်မလားဆိုကိုတော့ မသိနိုင်ပါဘူး။ တောင်ကိုရီးယားသတင်းတွေရဲ့ အဆိုအရ မြောက်ကိုရီးယားနိုင်ငံ ကုန်သွယ်မှုရဲ့ ၉၂ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်သမ္မတ ရှီကတော့ “ကိုရီးယားကျွန်းဆွယ်အရေးမှာ ငြိမ်းချမ်းတဲ့ လမ်း ကြောင်းပေါ်မှာ နေထိုင်ဖို့က မရှိမဖြစ်လိုအပ်တယ်”လို့ ပြောလိုက်ပါတယ်။
4 years Ago
Up