အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က အစ္စလာမ္မစ် စစ်သွေးကြွတွေကို ချေမှုန်းသွားမယ့်အကြောင်း ထပ်လောင်း ကတိပြုလိုက်ပါတယ်။
ဖလောရီဒါ ပြည်နယ် အော်လန်ဒို မြို့မှာ အလည်အပတ်ရောက်နေတဲ့ ထရမ့်က အိုင်အက်စ်အဖွဲ့ကို ချေမှုန်းသွားမယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့အတွက် မဲဆန္ဒရှင်တွေကို ကျေးဇူးတင်စကား ပြောဖို့ ခရီးထွက်ရင်းနဲ့ သူ့ အစိုးရလက်ထက် ကျရင် ဆောင်ရွက်မယ့် မူဝါဒတ ချို့ကိုလည်း ပြောပါတယ်။
အမေရိကန်နိုင်ငံ အလံကို မီးရှို့တာမျိုးကို လက်မခံနိုင်တာကြောင့် သူ သမ္မတ ဖြစ်လာတဲ့အခါကျရင် တနည်းနည်းနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
တခြားနိုင်ငံတွေရဲ့ ပြဿနာတွေကို သေချာ မစဉ်းစားဘဲ ၀င်ရောက်စွက်ဖက်တာမျိုးကို ရှောင်ရှားသွားမယ်လို့ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
6 years Ago