ဒေါ်နယ်ထရမ့်မြေးမလေး သီချင်းဆို ကပြသည့် ဗွီဒီယိုဖိုင် အွန်လိုင်းပေါ် ရေပန်းစား

A d v e r t i s e m e n t With Us

November 16, 2016

ဒေါ်နယ်ထရမ့်မြေးမလေး သီချင်းဆို ကပြသည့် ဗွီဒီယိုဖိုင် အွန်လိုင်းပေါ် ရေပန်းစား

ခုရက်ပိုင်းအတွင်းမှာ အမေရိကန်သမ္မတလောင်းအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ ဒေါ်နယ် ထရမ့်ဟာ သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူထားခဲ့ပေမယ့် ဒီကနေ့မှာတော့ သူ့ရဲ့ နေရာကို ချစ်စဖွယ် မြေးဖြစ်သူရဲ့ ရုပ်သံဗွီဒီယိုဖိုင်က နေရာယူခဲ့ပါပြီ။ ချစ်စရာကောင်းတဲ့ မြေးမလေး အေရဲယ်ဘဲလားရဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို မိခင်ဖြစ် သူ အိုင်ဗဲန်ကာ ထရမ့်က မျှဝေခဲ့တာပါ။ အေရဲယ်ဘဲလားဟာ မကြာသေးခင်ကမှ အမေရိကန် Billboard အင်တာနက်စာ မျက်နှာမှာ ရေပန်းအစားဆုံးသီချင်း ၁၀၀ ထဲမှာ စာရင်းဝင်ပြီး အတိုဆုံးသီချင်းအဖြစ်နဲ့ ဂီးနက်စ်ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ပီပီအေပီ(Pen Pineapple Apple Pen)သီချင်းနဲ့ သရုပ်ပြခဲ့ တာပါ။ ဒီသီချင်းကို ဂျပန်သီချင်းရေးဆရာနဲ့ အဆိုတော် ပစ်ခိုတာရိုက ရေးစပ်သီဆိုပြီး ထုတ်လွှင့်ခဲ့ချိန်မှာ နာမည်ကြီးလာခဲ့ပြီး တကမ္ဘာလုံးအားပေးခဲ့ကြကာ ထရမ့်မိသားစုဆီ ရိုက်ခတ်ခဲ့ပုံပေါ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အေရဲယ်ဘဲလားဟာ ပန်းရောင်ည၀တ်အင်္ကျီကို ၀တ်ဆင် ထားခဲ့ပြီး သီချင်းဆိုကာ ခုန်ပေါက်ပျော်မြူးနေခဲ့တာကို တွေ့ရပါတယ်။ သူသီဆိုကခုန်နေခဲ့ချိန်မှာ သူ့ရဲ့ မောင်ငယ် ဂျိုးဆက်ပ်ခ်ျရဲ့ တခစ်ခစ်နဲ့ သဘော တကျရယ်မောသံတွေကိုလည်း ကြားရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အင်စတာဂရမ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၃ သိန်း ၅ သောင်း ၅ ထောင်ကျော်ရှိခဲ့ပြီး ထောင်နဲ့ချီ တဲ့ မှတ်ချက်တွေ ရေးခဲ့ကြတာပါ။
4 years Ago
Up