ဒေါ်နယ်ထရမ့်အား ထောက်ခံသူနှင့် ကန့်ကွက်သူများ အပြိုင်ဆန္ဒပြ

October 31, 2016

ဒေါ်နယ်ထရမ့်အား ထောက်ခံသူနှင့် ကန့်ကွက်သူများ အပြိုင်ဆန္ဒပြ

ဘရာဇီးနိုင်ငံမှာ အောက်တိုဘာ ၂၉ ရက်နေ့က ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေ အပြိုင် ဆန္ဒပြခဲ့လို့ နောက်ဆုံးမှာ ရဲက လူစုခွဲရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက အရင် လမ်းပေါ်ထွက်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ပိုများတဲ့ လူအုပ်ကြီးက ထရမ့်ကို ကန့်ကွက်ဖို့  ထွက်လာကြပါတယ်။ ဆော်ပိုလိုမြို့ပေါ်က ဆန္ဒပြပွဲမှာ တချို့က ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံဖြစ်တဲ့ “ဒေါ်နယ်ထရမ့်ကို မဲပေးပါ။ အမေရိကားကို ကြီးကျယ်အောင် လုပ်ပေးနိုင်တာ သူပါပဲ။ အားလုံးညီရင် ကမ္ဘာကြီး ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်” ဆိုပြီး အော်ဟစ်ကြပါတယ်။ ပေါ်လစ္စတာရင်ပြင်မှာ တဘက်ကလည်း ထရမ့်ကို ဖက်ဆစ်ဝါဒီဆိုပြီး ကန့်ကွက်သူတွေကလည်း ရှိနေတဲ့အတွက် ရဲအဖွဲ့က ကြားထဲကနေ ဝင်ထိန်းပေးခဲ့ရပါတယ်။ နောက်ဆုံးမှာ ရဲအဖွဲ့က လူ ၄ ဦးကို ဖမ်းဆီးပြီး လူစုခွဲခဲ့ရတယ်လို့ ဘရာဇီးကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
5 years Ago
Up