ကမ္ဘာ့ပထဦးဆုံးသော ဒေါ်နယ်ထရမ့်အား ဆန့်ကျင်တဲ့ ဘားဆိုင်ကို သြဂုတ် ၁၇ ရက်နေ့က လန်ဒန်မြို့မှာ ယာယီအချိန်ပိုင်း ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
“Twumps Bar” လို့ အမည်ပေးထားတဲ့ ဘားဆိုင်က အန္တရာယ်ကင်းရှင်းစွာ ကိုယ်ဝန်ဖျက်ချခြင်း၊ ကျား မ မဟုတ်တဲ့ လိင်ခံယူချက် ရှိသူ (အယ်လ်ဂျီဘီတီ) အခွင့်အရေးတွေအပါအဝင် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကြောင့် သက်ရောက်မှု ခံစားခဲ့ရသူတွေကို လှူဒါန်းနိုင်ဖို့ ရန်ပုံငွေရှာတဲ့ ဘားဆိုင်လို့ မေရာသတင်းမှာ သြဂုတ် ၁၉ ရက်နေ့က ဖော်ပြထားပါတယ်။
ဘားဆိုင်မှာ လာရောက်သောက်သုံးတွေအနေနဲ့ သူတို့ရဲ့ အလှူငွေတွေကို မေရီစတော့ပ်စ်အင်တာနေရှင်နယ်၊ တဲလ်မာမာ (Tell Mama) စတဲ့ အဖွဲ့တွေထဲက ဘယ်အဖွဲ့ကို လှူချင်တယ်ဆိုတာမျိုး ရွေးချယ်လို့ရတယ်လို့လည်း ဆိုပါတယ်။
ဘားဆိုင်ရဲ့ဝန်ထမ်းတွေက “unfit to serve” လို့ ရေးထားတဲ့ စာတန်းပါ တီရှပ်ဆင်တူတွေ ဝတ်ဆင်ပြီး ကော့တေးလ်တွေ ရောင်းခဲ့ကြပါတယ်။
ကော့တေးလ်အမည်တွေထဲမှာ မက္ကဆီကန်နံရံမာဂရီတာ၊ ထရမ့်ပ်တာဝါဝီစကီဆားဝါး စတာတွေ ပါဝင်ပြီး တခွက်ကို ပေါင် ၅၀ နဲ့ ရောင်းကာ ဒီငွေတွေကို လှူဒါန်းဖို့အတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။
ဒီဘားဆိုင်ကို ဖွင့်လှစ်တဲ့ စိတ်ကူးက လူသားပူးပေါင်းဆောင်ရွက်ရေး (Human Collective) အဖွဲ့က ကေတီမက်ဂီးနဲ့ အန်နီဟရူ့ခ်ျတို့ရဲ့ စိတ်ကူးဖြစ်ပြီး “ဒီဘားဆိုင်ဖွင့်ရင် နယူးယော့ခ်က ထရမ့်ရဲ့ မိုးပျံ/မိုးထိ/အထပ်မြင့် တိုက်အိမ်ကြီးက မဖွယ်မရာကြီးပါ၊ တရားလွန်ဖြစ်နေတဲ့ လက်ခံနိုင်ဖွယ်ရာမရှိတာတွေကို တခုခုပြန်လုပ်ပြရင်း လူတွေရဲ့ အာရုံစိုက်မှုရဖို့ အကောင်းဆုံးနည်းလမ်းလို့ တွေးလိုက်တာပါ” လို့ အန်နီက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အန်နီကို သူတို့စိတ်ကူးနဲ့ပတ်သက်ပြီး သမ္မတထရမ့်က ပြန်လည်တုံ့ပြန်နိုင်မယ်လို့ ထင်လားလို့ မေးမြန်းတဲ့အခါ “ကျမတို့ရဲ့ စိတ်ကူးလုပ်ရပ်အပေါ် သူဘယ်အချိန်ပဲဖြစ်ဖြစ် သဘောထားတခုခုရှိခဲ့မယ်ဆိုရင် ဒါကျမအတွက်တော့ အရေးကြီးပါတယ်” လို့ အန်နီက ပြန်လည် ဖြေကြားခဲ့ပြီး “သူ့မှာ ပိုမိုကြီးမားတဲ့ ကိစ္စကြီးတွေကို လုပ်ရမယ်လို့လည်း ကျမထင်ပါတယ်” လို့ အန်နီက ပြောပါတယ်။
ကေတီမက်ဂီကတော့ သူတို့ရဲ့ဘားဆိုင်ဖွင့်ပွဲနဲ့ ပတ်သက်ပြီး သမ္မတထရမ့်က တွီတာမှာ မှတ်ချက်ရေးဖို့ အချိန်ရှိမှာပါလို့ သူမယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
“Twumps Bar” ဘားဆိုင်ကို လန်ဒန်မြို့ ဘက်သ်နယ်ဂရင်း ခရိုင်ထဲက Rich Mix ဘားဆိုင်မှာ သြဂုတ် ၁၇ ရက်နေ့ကနေ သြဂုတ် ၁၉ ရက်နေ့အထိ ဖွင့်လှစ်မယ်လို့ သိရပါတယ်။
4 years Ago