ဒေါ်နယ်ထရမ့်အစိုးရ

May 5, 2018

ဒေါ်နယ်ထရမ့်အစိုးရကို ဟွန်ဒူးရပ်စ် ရွှေ့ပြောင်းနေထိုင်သူများ ဆန္ဒပြ

ရွှေ့ပြောင်းနေထိုင်သူ အယောက် ငါးသောင်းခုနှစ်ထောင်ကို မူရင်းနေရပ်ဆီ ပြန်ပို့မယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရကို ဟွန်းဒူးရပ်စ် ရွှေ့ပြောင်းနေထိုင်သူတွေက ဆန္ဒပြနေကြပါတယ်။ မူရင်းနိုင်ငံတွေက ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေကြောင့် အမေရိကန်ထဲရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ယာယီအကာကွယ်ပေးနေတဲ့ TPS စနစ်ကို အဆုံးသတ်တော့မယ်လို့ အမေရိကန် အစိုးရက ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် ဟွန်းဒူးရပ်စ်နိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်သူတွေကဆန္ဒပြနေကြတာပါ။ ကျမ ဒီနိုင်ငံရောက်တာ ၂၇ နှစ်ရှိပါပြီ။ ၁၉၉၂ ခုနှစ်ကတည်းကရောက်တာဖြစ်လို့ မိခင်နိုင်ငံအကြောင်း ဘာမှကို မသိတော့ဘူး။ TPS စနစ်မှာ ကျမ အကျုံးဝင်ပြီးကတည်းက ဒီနိုင်ငံအတွက် ကျမလုပ်ပေးခဲ့တာတွေ ရှိတယ်။ အခွန်တွေလည်းပေးခဲ့တယ်။ ဒါပေမယ့် ကျမတို့က သူတို့လုပ်ချင်တိုင်းလုပ်လို့ရတဲ့ ရာဇ၀တ်သားတွေ မဟုတ်ပါဘူးလို့ TPS စနစ်နဲ့နေထိုင်ခွင့်ရထားသူ ဟွန်းဒူးရက်စ် နိုင်ငံသူ အိုင်းရစ်ကိုစတာက ပြောပါတယ်။ ဒီ TPS စနစ်ကြောင့်ပဲ ကျမ ကျန်းမာရေး ပညာပေးသူဖြစ်လာတယ်။ အလုပ်ရတယ်။ နိုင်ငံသားကောင်းဖြစ်တဲ့ ကလေးတွေ မွေးဖွားခဲ့တယ်။ ဒီနိုင်ငံအတွက် ရင်ဆိုင်ဖို့၊ ဒီနိုင်ငံကြီးထွားဖို့ ဒီကိုရောက်လာတဲ့ ကျမတို့ကို ပြဿနာတခုလို ဆက်ဆံနေတဲ့ လက်ရှိ အမေရိကန်အစိုးရရဲ့ ပြဿနာက ဘာလည်း မသိတော့ဘူးလို့ TPS စနစ်နဲ့နေထိုင်ခွင့်ရသူ မာတာကွန်နာ ကပြောပါတယ်။ TPS စနစ်ကို ပယ်ဖျက်တော့မယ်ဆိုရင် နေရပ်ပြန်ရမယ့်သူတွေထဲမှာ အယ်လ်ဆာဗေဒေါ နိုင်ငံသားက အများဆုံးဖြစ်ပြီး ဟွန်းဒူးရပ်စ်နိုင်ငံသားတွေက ဒုတိယအများဆုံးဖြစ်ပါတယ်။
4 years Ago
Up