အမျိုးသားတဦးကို ဒေါ်နယ်ထရမ့်ပုံစံတူ ပြင်ဆင်ပေးပြီး ခွေးတကောင်လိုမျိုး မြို့တွင်းလှည့်လည်စေခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ယူကျု အင်တာနက်စာမျက်နှာပေါ်မှ ဖြုတ်ချခံခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ ရုရှားနိုင်ငံ၊ စိန့်ပီတာစ်ဘာ့ဂ်မြို့လယ်ခေါင်မှာ ဖြစ်ခဲ့ပြီး ရုရှားမြို့တော်ဝန်ဟောင်းတဦးဖြစ်တဲ့ အလက်ဇန္ဒားဒွန်စကွိုင်က အမျိုးသားတဦးကို ထရမ့်ပုံ တုပပြင်ဆင်ပေးပြီး စတန့်ထွင်ပြသခဲ့တာပါ။
အဲဒီအမျိုးသားကို ဆံပင်ရွှေရောင်ဆိုး၊ မျက်နှာကို ထရမ့်ပုံတူမျက်နှာဖုံး စွပ်စေပြီး အပေါ်ပိုင်း ဗလာကျင်းအနေအထားနဲ့ ခွေးတကောင်လို လမ်းမပေါ် ဆွဲခေါ်သွားခဲ့တာ ဖြစ်ပါတယ်။
လမ်းတလျှောက် တွေ့မြင်ရသူတွေဟာ ဒီအဖြစ်အပျက်ကို အံ့တားတသင့် ဝိုင်းကြည့်ခဲ့ကြတာပါ။
လူတွေနဲ့ တွေ့ဆုံချိန်မှာ ဒွန်စကွိုင်က ကိုက်ဖို့ ရှူးတိုက်ကာ ပြောဆိုခဲ့ချိန်မှာတော့ လူတွေဟာ ရယ်မောခဲ့ကြတာကို တွေ့ရပါတယ်။
ဒွန်စကွိုင်ဟာ ရုရှားနိုင်ငံမြောက်ပိုင်း အာ့ခ်ဟန်ဂိလ်စ်ခ်မြို့ရဲ့ မြို့တော်ဝန်ဟောင်းတဦးဖြစ်ပြီး လူထုကို အံ့အားသင့်စရာ ထူးထူးဆန်းဆန်းတွေ လုပ်ပြလေ့ရှိကာ သူ့ရဲ့ ထူးခြားတဲ့ ဗွီဒီယိုစတန့်တွေကြောင့် နာမည်ကြီးပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဒေသတွင်း မီဒီယာတွေကတဆင့် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။
ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ အစပိုင်းတုန်းက ကြည့်ရှုလို့ရနေခဲ့ပြီး နောက်ပိုင်းမှာတော့ ဒါဟာ တယောက်ယောက်ကို အနိုင်ကျင့်စော်ကားသလိုဖြစ်နေပြီး သူတို့ရဲ့မူဝါဒနဲ့ မကိုက်ညီတဲ့အတွက် ကြည့်ရှုလို့ ရနိုင်တော့မှာမဟုတ်ဘူးဆိုပြီး ဖြုတ်ချပစ်ခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံ - မေရာ
5 years Ago