ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ရှောင်စပိုက်ဆာကို ရွေးချယ်

December 23, 2016

ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ရှောင်စပိုက်ဆာကို ရွေးချယ်

အရွေးကောက်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်က ရီပတ်ဘလစ်ကန် အမျိုးသားကော်မတီ အကြီးအကဲ ရှောင် စပိုက်ဆာ (Sean Spicer) ကို အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်ကြောင်း ထရမ့်အစိုးရ အသွင်းကူးပြောင်းရေး အထူးအဖွဲ့က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ သမ္မတသစ်ဖြစ်လာမယ့် ထရမ့်ဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလက သူ့အတွက် ပြန်ကြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး သူ့အပေါ် သစ္စာရှိသူ Ms.Hope Charlotte Hicks ကို ဆက်သွယ်ရေးဝန်ကြီးဌာန ထိပ်တန်းရာထူးအတွက် ရွေးချယ်ထားကြောင်းလည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up