ဒေါ်နယ်ထရမ့်၏ ပြည်ဝင်ခွင့်မူဝါဒ အပြောင်းအလဲကြောင့် အမေရိကန်စီးပွားရေး တိုးတက်မှုနှေးနိုင်

February 17, 2017

ဒေါ်နယ်ထရမ့်၏ ပြည်ဝင်ခွင့်မူဝါဒ အပြောင်းအလဲကြောင့် အမေရိကန်စီးပွားရေး တိုးတက်မှုနှေးနိုင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြည်ဝင်ခွင့်မူဝါဒ အပြောင်းအလဲတွေကြောင့် အမေရိကန်နိုင်ငံရဲ့ စီပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန် နှေးသွားနိုင်တယ်လို့ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျနက် ရဲလ်လန် (Janet Yellen) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က အောက်လွှတ်တော်ကော်မတီ ကြားနာပွဲမှာ ပြောဆိုပါတယ်။ အမေရိကန်လုပ်သားအင်အား ဖွံ့ဖြိုးတိုးတက်မှုဟာ အမေရိကန်ပြည်ထောင်စုအတွင်း နိုင်ငံခြားသား ဝင်ရောက်မှုအပေါ် အဓိက မှီခိုနေတယ်၊ အခုလို သမ္မတက အမေရိကန်ပြည်ဝင်ခွင့်ဥပဒေကို လုံးလုံးလျားလျား ပြောင်းလဲလိုက်တာဟာ အမေရိကန်စီးပွားရေးကို အနည်းနဲ့အများ သေချာပေါက် ထိခိုက်မှာဖြစ်တယ်လို့ ရဲလ်လန်က ပြောဆိုလိုက်တာပါ။ အရင်တရက်က အထက်လွှတ်တော် ကြားနာပွဲမှာလည်း အမေရိကန်စီးပွားရေးအတွက် ဒီ အမေရိကန်ပြည်ဝင်ခွင့်ဥပဒေတွေရဲ့ အရေးကြီးမှုကိုပဲ ရဲလ်လန်က အလေးထားပြောဆိုခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုထားတဲ့ အခွန်လျော့ချရေးနဲ့ အစိုးရအသုံးစရိတ် မြှင့်တင်ရေး အစီအစဉ်တွေဟာလည်း နိုင်ငံ့ဘဏ္ဍာရေးကို ထိခိုက်နိုင်တဲ့အတွက် စိုးရိမ်ရတယ်လို့ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
4 years Ago
Up