လာမယ့်လထဲမှာ စမ်းသပ်တဲ့အနေနဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲ သုံးမျိုး လုပ်ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့က ပြုလုပ်တဲ့ UPDJC အစည်းဝေးမှာ အခုလိုပြောလိုက်တာဖြစ်ပြီး အမျိုးသားအဆင့်ဆွေးနွေးပွဲတွေဟာ စမ်းသပ်အဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။
“စမ်းသပ်တဲ့အနေနဲ့ ပထမဦးဆုံး အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို သုံးခုလောက်လုပ်ချင်ပါတယ်။ ဘာလည်းဆိုတော့ ဒေသကိုအခြေခံတာ တမျိုး၊ အမျိုးသားအဆင့်ကို အခြေခံတာ တမျိုး၊ ရိုးရားကို အခြေခံတာ တမျိုး ဒီသုံးမျိုးပေါ့။ ဒီသုံးမျိုးကို ရှေ့ပြေးအနေနဲ့ အမြန်ဆုံး လာမယ့်နိုဝင်ဘာလထဲမှာ ဖြစ်နိုင်အောင် လုပ်ချင်ပါတယ်။ ဒီဆွေးနွေးပွဲတွေကို ကြည့်ပြီးတော့မှ ဘယ်လိုအားနည်းချက်တွေ ရှိတယ်၊ အခက်အခဲတွေရှိတယ်၊ ပိုပြီး ပီပြင်အောင် ဘယ်လိုလုပ်နိုင်မလည်းဆိုတာ ဆုံးဖြတ်နိုင်မှာပါ” လို့ ပြောပါတယ်။
4 years Ago