ဒေါ်စု

September 9, 2018

ဗီယက်နမ် ကမ္ဘာ့စီးပွားရေးဖိုရမ်အာဆီယံကို ဒေါ်အောင်ဆန်းစုကြည် တက်မည်

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်မှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် အာဆီယံကို တက်ရောက်မယ်လို့ အစိုးရက စက်တင်ဘာ ၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ် အာဆီယံကို စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။
3 years Ago

January 21, 2016

လွှတ်တော်အမတ်သစ်များ နေထိုင်ရန် လျာထားမှုများ ဒေါ်စုနှင့် သူရဦးရွှေမန်း လိုက်လံစစ်ဆေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်း တို့ဟာ မကြာခင် တတ်ရောက်လာမယ့် လွှတ်တော်အမတ်အသစ်များ နေထိုင်ဖို့ အဆင်ပြေစေရန် လျာထားမှုများကို ဇန်န၀ါရီ ၂၁ ရက်နေ့ မနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါတယ်။  
6 years Ago
More News
Up