ဒေါ်ချိုချို

July 19, 2018

အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ သမ္မတက ဆွမ်းကပ်လှူဒါန်း (ဓာတ်ပုံ)

တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ၇၁ နှစ်မြောက် အာဇာနည်နေ့မှာ  သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်ချိုချိုတို့က နေပြည်တော်မှာ သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်း ကုသိုလ်ပြု အမျှပေးဝေခဲ့ကြပါတယ်။ နေပြည်တော်ကောင်စီ ရုံးဝန်းအတွင်းရှိ ဇမ္ဗူသီရိခန်းမမှာ ကျင်းပတဲ့ လှူဒါန်းပွဲကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ရေစက်ချအမျှဝေပြီး ခေါင်းဆောင်တွေကို  ဦးညွတ်အလေးပြုခဲ့ကြပါတယ်။ နေဖြိုးဝင်း  
3 years Ago
Up