အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၉ နှစ်ပြည့် အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲကို ဒီဇင်ဘာ ၂၇ ရက်မနက်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်သွားပါတယ်။
ဆွမ်းကျွေးလှူဒါန်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦးနဲ့ ငြိမ်းချမ်းရေး ကော်မရှင်က ဒေါက်တာတင်မျိုးဝင်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ဒေါ်ခင်ကြည်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် ၇၆ နှစ်အရွယ် ၁၉၈၈ ဒီဇင်ဘာ ၂၇ ရက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ-သန့်ဇင်ဦး
5 years Ago