ဒေးဗစ်ကော့ပါဖီးလ်

April 25, 2018

ပွဲကြည့်ပရိသတ်တဦး၏ တရားစွဲဆိုမှုအတွက် ဒေးဗစ်ကော့ပါဖီးလ် တရားရုံးတွင် ထွက်ဆို

ကမ္ဘာကျော် မျက်လှည့်ပညာရှင် ဒေးဗစ်ကော့ပါဖီးလ်ဟာ ပွဲကြည့်ပရိသတ်တဦးရဲ့ တရားစွဲဆိုမှုအတွက် ဧပြီ ၂၄ ရက်နေ့က လတ်စ်ဗီးဂတ်စ်တရားရုံးမှာ ဒုတိယအကြိမ် သက်သေထွက်ဆိုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လတ်စ်ဗီးဂတ်စ်မြို့မှာ ပြုလုပ်တဲ့ "Lucky #13" မျက်လှည့်ဖျော်ဖြေပွဲအတွင်း ဧည့်ပရိသတ်တဦးဖြစ်သူ ဗြိတိန်နိုင်ငံသား ဂယ်ဗင်ကော့စ်က ထိခိုက်ဒဏ်ရာ ရခဲ့တယ်ဆိုပြီး ဒေးဗစ်ကော့ပါးဖီးလ်ကို တရားစွဲဆိုခဲ့တာပါ။ အဲဒီမျက်လှည့်ပြကွက်မှာ ဧည့်ပရိသတ် ၁၃ ဦးကို ကျပန်းရွေးချယ်ပြီး စတိတ်စင်ပေါ်မှာ ကိုယ်ပျောက်ပြကွက်နဲ့ ဖျောက်ခဲ့ကာ တခြားတနေရာမှာ ပြန်လည်ပေါ်လာအောင် ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို ပြုလုပ်ရာမှာ ဂယ်ဗင်ကော့စ်ဟာ လဲကျ ဒဏ်ရာရခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ "Lucky #13" မျက်လှည့်ပြကွက်နဲ့ ပတ်သက်ပြီး တရားရုံးက ဒေးဗစ်ကော့ပါဖီ်းလ်ကို အမှန်အတိုင်း ဖွင့်ပြောဖို့ ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up