ဒေးဗစ်မိုယက်စ်

November 7, 2017

ဒေးဗစ်မိုယက်စ်ကို ဝက်စ်ဟမ်းအသင်း နည်းပြအဖြစ် ခန့်အပ်

ဝက်စ်ဟမ်းအသင်းဟာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ ဘီလစ်ကို ထုတ်ပယ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်အသင်းရဲ့ နည်းပြဟောင်း ဒေးဗစ်မိုယက်စ်နဲ့ အစားထိုး ခန့်အပ်ခဲ့ပါတယ်။ မိုယက်စ်ဟာ ၂ နှစ်ခွဲစာချုပ်နဲ့အတူ ဝက်စ်ဟမ်းအသင်းကို နည်းပြဖို့ ရောက်ရှိလာခဲ့တာပါ။ ဒါ့အပြင် ဝက်စ်ဟမ်းအသင်းကို ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်နိုင်ရင် ဆုကြေးငွေ ပေါင် ၂ သန်းလည်း ရရှိမှာဖြစ်ပါတယ်။ မိုယက်စ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲဦးထွက်ပွဲစဉ်အဖြစ် လာမယ့် နိုဝင်ဘာ ၁၉ ရက်နေ့ ဝတ်ဖို့ဒ်နဲ့ အဝေးကွင်းပွဲစဉ်ကို စတင်ကိုင်တွယ်ရမှာပါ။ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ပွဲ ကစားပြီးချိန်မှာ ၉ မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
4 years Ago

May 24, 2017

ဒေးဗစ်မိုယက်စ် ဆန်းဒါးလန်းနည်းပြရာထူးမှ နုတ်ထွက်

ဆန်းဒါးလန်းအသင်း တန်းဆင်းခဲ့ရတဲ့အတွက် အသင်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ နည်းပြရာထူးကနေ နုတ်ထွက်သွားပါတယ်။ ဒေးဗစ်မိုယက်စ်ဟာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး နှစ်ဘက်သဘောတူညီမှုနဲ့ နုတ်ထွက်ခဲ့တာပါ။ ကစားသမားတွေနဲ့ မိမိနေရာဆက်ခံမယ့် နည်းပြအနေနဲ့ အကောင်းဆုံးခြေစွမ်းနဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်တက်လှမ်းနိုင်ပါစေလို့လည်း ဒေးဗစ်မိုယက်စ်က ဆုတောင်းပေးခဲ့ပါတယ်။ အဲဗာတန်နဲ့ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက အသင်းမှာဆက်ရှိမယ်လို့ ပြောကြားထားသူဖြစ်ပြီး အသင်းဘုတ်အဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ ကစားသမားဝယ်ယူမှု ပေါ်လစီအပေါ်မှာ ကြိုက်နှစ်သက်ခြင်း မရှိတာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ ဆန်းဒါးလန်းအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ပြီးဆုံးချိန်မှာ ၆ ပွဲပဲ အနိုင်ရခဲ့ပြီး ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။
4 years Ago
Up