ဒေးဗစ်

September 14, 2015

မိုက်ကယ်အိန်ဂျယ်လို ၏ အနုပညာလက်ရာကို သွားကြားထိုးတံ ၈၇၀၀၀ ဖြင့် ပုံစံတူဖန်တီး

တရုတ်နိုင်ငံ၊ ချောင်ကျင်းပြည်နယ်က အသက် ၆၈ နှစ်အရွယ် အနုပညာရှင် တန် ဂျားလူဟာ မိုက်ကယ်အိန်ဂျယ်လို ရဲ့ နာမည်ကျော် ပန်းပုအနုပညာလက်ရာ “ဒေးဗစ်” ပုံစံတူ အနုပညာလက်ရာတခုကို ရွှံ့စေးတွေ၊ ပလာစတာတွေမသုံးဘဲ သွားကြားထိုးတံ ၈၇၀၀၀ ကို အသုံးပြုပြီး ဖန်တီးခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဲဒီလိုဖန်တီးနိုင်ဖို့ သူဟာ အချိန် ၂ လခွဲလောက် ကြာခဲ့တာဖြစ်ပြီး သူဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက တခြားသော ကွဲပြားခြားနားတဲ့ ပဲစေ့၊ လက်သည်းခွံမှ အစ ကြယ်သီးတွေအထိ အသုံးပြုပြီး အနုပညာလက်ရာတွေကို ဖန်တီးနေခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
8 years Ago
Up