ဒေးဒရဲ

February 5, 2019

ဒေးဒရဲမြို့နယ်တွင် ဖခင်ဖြစ်သူက သမီးအရင်းကို အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သင်ပေါင်းချောင်ကျေးရွာအုပ်စုမှာ သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုနဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေး နေပါတယ်။ ဒေးဒရဲမြို့နယ်၊ သင်ပေါင်းချောင် ကျေးရွာအုပ်မှာ သက်ငယ်မုဒိမ်းသတင်းအရ ဒေးဒရဲမြို့နယ်၊ မြို့မစခန်းမှူး ဒုရဲမှူးကျော်ဇံနဲ့ အဖွဲ့ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းဦးတို့နဲ့အတူ ဖော်ဖော်ဝါရီ ၄ ရက် မနက်ပိုင်းက အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးရာမှာ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးရဲ့ မိခင်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကွယ်လွန်ခဲ့တဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလပိုင်းမှာ သမီးဖြစ်သူဟာ မောင်နှမသုံးယောက်နဲ့ အတူ နေအိမ်အရှေ့ခန်း ခြင်ထောင်အတွင်း အိပ်နေစဉ် ဖခင်ဖြစ်သူ ဦးမြင့်ကြိုင်က ခြင်ထောင်ထဲ ဝင်လာပြီး အဓမ္မပြု ကျင့်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ပါတယ်။ ဖခင်ဖြစ်သူဟာ အဓမ္မ ပြုကျင့်ခဲ့ပြီးနောက် အခြားသူတွေကို ပြန်ပြောရင် ရေနှစ်သတ်မယ်လို့ ခြိမ်းခြောက်ကာ တရက်ခြားတကြိမ် စုစုပေါင်း  ၆ ကြိမ်လောက် သမီးဖြစ်သူကို အဓမ္မ ပြုကျင့်ခဲ့တယ်လို့ လည်း ရဲတပ်ဖွဲ့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ဒေးဒရဲ မြို့နယ်ရဲစခန်းက မှုခင်းဆေးစာနဲ့ ဒေးဒရဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံက လက်ခံစစ်ဆေးခဲ့ပြီး ဒေးဒရဲမြို့နယ် ရဲစခန်းက  ဖခင်ဖြစ်သူ ဦးမြင့်ကြိုင်ကို ရာဇသတ်ကြီး ပုဒ်မ-၃၇၆/၅၀၆ နဲ့ အမှုဖွင့် စစ်ဆေးနေ ပါတယ်။
3 years Ago

February 24, 2016

မြန်မာနိုင်ငံ ပြည်တွင်း ဒေးဒရဲမြို့အနီး ငလျင်လှုပ်

မြန်မာနိုင်ငံ ပြည်တွင်း ဒေးဒရဲမြို့အနီးမှာ အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၄ အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် မနက် မြန်မာစံတော်ချိန် ၇ နာရီ ၄၂ မိနစ် ၂၀ စက္ကန့်အချိန်မှာ  ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၈ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ဒေးဒရဲမြို့၏ တောင်-အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုကို ဒီကနေ့မနက်က ရန်ကုန်မြို့ခံတွေကလည်း သိသိသာသာ သိရှိခံစားခဲ့ရတယ်လို့ ပြောပါတယ်။
6 years Ago
Up