ဒေါ့မန်

September 1, 2018

ဂျာမန်ဘွန်ဒတ်စ်လီဂါ ဒေါ့မန်နှင့် ဟန်နိုဗာ ဂိုးမရှိ သရေကျ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဒေါ့မန်နဲ့ ဟန်နိုဗာတို့ ဂိုးမရှိ သရေကျ သွားပါတယ်။၏ ဒေါ့မန် တိုက်စစ်မှူး မာကိုရှု့စ် အခွင့်အရေး ၂ ကြိမ် ရပေမယ့် အသုံးမချနိုင်လို့ ဦးဆောင်ဂိုးနဲ့ လွဲခဲ့ရတာပါ။ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာပေမယ့် ဒေါ့မန်က ဂိုးပေါက် ကန်သွင်းခွင့် ၃ ကြိမ်အထိ ရခဲ့ပါတယ်။ ဒေါ့မန်ဟာ ပွဲဦးထွက်မှာ လိုက်ဇစ်အသင်းကို ဂိုးပြတ်နဲ့ အနိုင်ရထားတာပါ။ ဒီပွဲမှာလည်း အခွင့်အရေးတွေကို အသုံးမချနိုင်လို့ ဂိုးပေါက်လွဲနေတာပါ။ အိမ်ရှင် ဟန်နိုဗာအသင်းက ရှားရှားပါးပါး အခွင့်အရေးတကြိမ် ရပေမယ့် ဂိုးပေါက်မတည့်ဘဲ ဖြစ်ခဲ့ပါတယ်။ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်လို့ သရေတမှတ်စီနဲ့ပဲ ကျေနပ်လိုက်ပါတယ်။ ဒေါ့မန်ကတော့ လောလောဆယ် အမှတ်ပေးဇယားမှာ ၄ မှတ်နဲ့ ဦးဆောင်နေပါတယ်။
3 years Ago
Up