ဒေါ့မွန် ၄- ၀ ဂါဘာလာ

A d v e r t i s e m e n t With Us

November 6, 2015

ဒေါ့မွန် ၄- ၀ ဂါဘာလာ (ရုပ်သံ)

ယူရိုပါလိဂ် အုပ်စု (ဂ) ဂျာမနီ ဘွန်ဒစ်လီဂါက ဘရော့ရှား ဒေါ့မွန်နဲ့ အဇာဘိုင်ဂျန် ကလပ် ဂါဘာလာတို့ပွဲစဉ်မှာ ဒေါ့မွန်က ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ပထမပိုင်း ၂၉ မိနစ်မှာ ဒေါ့မွန်က မာကိုရှုးစ်ရဲ့ အဖွင့်ဂိုးနဲ့ ၄၅ မိနစ်မှာ အဘာမီယန်တို့က ဒုတိယဂိုးသွင်းယူပြီး ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၆၇ မိနစ်မှာ ဂါဘာလာက ကစားသာမားက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သလို  မိနစ် ၇၀မှာ ဒေါ့မွန်အသင်းက ဂိုးတွေ ထပ်မံသွင်းယူပြီး ၄ ဂိုး ဂိုးမရှိနဲ့ ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိရယူကာ သက်တောင့် သက်သာ အနိုင်ရသွားပါတယ်။ ဒီပွဲအနိုင်ကြောင့် ဒေါ့မွန်အသင်းက ၄ ပွဲကစား ၁၀ မှတ်နဲ့ အုပ်စု ပထမ၊ ဂါဘာလာကတော့ ၄ ပွဲကစား ၁ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။
5 years Ago
Up