ဘာစီလိုနာအသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ဒမ်ဘီလီကို ပေါင်သန်း ၉၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ထွက်ခွာသွားတဲ့ နေမာရဲ့နေရာကို အစားထိုးဖို့အတွက် ကစားသမားသစ် ရှာဖွေနေတာပါ။
ဘာစီလိုနာနဲ့ ဒေါ့မွန် တာဝန်ရှိသူတွေဟာ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြပြီး ကနဦးပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၁၀၀ နဲ့ နောက်ထပ် ယူရိုသန်း ၃၀ ပေးချေရနိုင်တဲ့ သဘောတူညီမှုလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၂၀ အရွယ်ရှိ ပြင်သစ်ကစားသမား ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အတွက် ၁၀ ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။
5 years Ago