ဒေါ့မွန်အသင်း ဘတ်စ်ကားအား

April 22, 2017

ဒေါ့မွန်အသင်း ဘတ်စ်ကားအား ပစ်မှတ်ထား ဗုံးခွဲခဲ့သည့်အမျိုးသားကို ဖမ်းမိ

ဒေါ့မွန်ဘောလုံးအသင်းရဲ့ အသင်းဝင်တွေကို သယ်လာတဲ့ ဘတ်စ်ကားကို ပစ်မှတ်ထားပြီး ဗုံး ၃ လုံး ခွဲခဲ့တယ်လို့ သံသယရှိတဲ့ အမျိုးသားကို ဂျာမန်ရဲတွေက ဧပြီ ၂၁ ရက်နေ့က ဖမ်းလိုက်ပါတယ်။ ဒီလူဟာ ကလပ်အသင်းရဲ့ အစုရှယ်ယာ ဈေးနှုန်း မြင့်တက်ပြီး ရင်းနှီးမြှုပ်နှံမှုကနေ အမြတ်အစွန်းရဖို့ မျှော်လင့်ခဲ့တယ်လို့ အစိုးရ ရှေ့နေချုပ်က ပြောပါတယ်။ ဂျာမန်-ရုရှ ကပြား အသက် ၂၈ နှစ်အရွယ် ဆာဂီဗီဟာ တိုက်ခိုက်မှု မဖြစ်ခင်မှာ  ဘောလုံးအသင်းရဲ့ စတော့ရှယ်ယာတွေကို ဝယ်ခဲ့တယ်လို့ ပြည်ထောင်စု အစိုးရရှေ့နေအဖွဲ့ ပြောခွင့်ရ တရားသူကြီး ဖှောက်ကေး ကူးလားက ပြောပါတယ်။ ဒေါ့မွန်အသင်းဟာ ဧပြီ ၁၁ ရက်က မိုနာကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားဖို့ ဘောလုံးကွင်းလာချိန်မှာ အသင်းရဲ့ ဘတ်စ်ကားအနီးက ချုံပုတ်ထဲမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ဒါကြောင့် စပိန် နောက်တန်းလူ မာ့ခ် ဘာထရာ ဒဏ်ရာရပြီး ပြိုင်ပွဲ ၁ ရက်ကြာ နှောင့်နှေး ခဲ့ပါတယ်။ ရဲတွေက သံသယရှိသူကို နိုင်ငံ အနောက်တောင်ပိုင်းက ဘာဒန် ဝတ်တန်ဘာ့ဂ်ပြည်နယ် ထဲမှာ ဖမ်းမိခဲ့တာပါ။ သူဟာ လူသတ်ဖို့ ကြိုးစားမှု၊ အပြင်းအထန် နာကျင်စေမှုနဲ့ ဖောက်ခွဲမှု စွဲချက်တွေကို ရင်ဆိုင်နေရတယ်လို့ တရားသူကြီးက ပြောပါတယ်။
4 years Ago
Up